Monday, June 3, 2013

အိပ်မက်ထဲကလူ


မဆုံးတဲ့တေးသွားနဲ့ လွမ်းချင်းတွေ ထပ်
ငါဟာ အချစ်ကို မမြည်းစမ်းလိုက်ရတဲ့
ချစ်သူတစ်ယောက်ပါ……

အမုန်းလဲ မရှိ အချစ်လဲ မရှိပဲနဲ့
ခိုက်ခိုက်တုန်အောင် လွမ်းခဲ့ရတဲ့ ကောင်ပါ
(မင်းအလိုအတိုင်းပေါ့)

ဖေးမခဲ့ဘူးတဲ့လက်တွေကြား
တကယ်တော့
ချောက်ချားစွာ မှောက်မှားခဲ့တာ (ငါ့နရီတွေ)

ခဏခဏ ပြောခဲ့ဘူးပါတယ်
နှလုံးသားနဲ့ ဘ၀ ဟာမိုနီ မကျခဲ့ပေမယ့်
နင့်မျက်နှာကို ငါ ဖတ်စာတစ်ပုဒ်လို့
အလွတ်ရနေတတ်ခဲ့တယ်

တိမ်ညိုကင်းရင် လမင်းတွေ့တယ်တဲ့
ငါ့အတွက်တော့
ကောင်းကင်ပျောက်နေတဲ့ကြယ်တစ်ပွင့်ပါ
နာဇီမလေးရေ…..

ရှေ့ဆက်ဖို့ အင်အားတွေ မဲ့နေတဲ့ခဏ
အသည်းကွဲကဗျာတစ်ပုဒ်
ငါ့အပြစ်နဲ့ငါ ချရေးလိုက်တယ်…
ဒဏ်ရာဆိုတာ နောင်တစ်ချိန် သမိုင်းဖြစ်စေပေါ့…….။


                                                          မုတ်သုံ