Tuesday, December 13, 2011

အလွမ်းနဲ့ချဉ်ခြင်းတပ်ခြင်း

တကယ်တမ်း
ရင်ဘတ်နဲ့လွမ်းတယ်
ကောင်မလေးရယ်
ငါ
မင်းရဲ့ အပြုံးလေးနဲ့
အိပ်မက် မက်ခဲ့သူပါ
လွမ်းခြင်းကဗျာ
တစ်ပုဒ်အတွက်
နှလုံးသားတစ်စုံလုံး
မွန်းကြပ်လို့
မင်းနဲ့ ပြာလဲ့လဲ အတိတ်ထဲက
ဘာမှ မရှိတဲ့
ပျော်ရွှင်မှုကို
ငါ ပြန် ချဉ်ခြင်းတပ်မိတယ်
တိမ်တိုက်တွေရဲ့
အကြောင်းကို ငါ နားလည်ပေမယ့်
နှုတ်ခမ်းပါးပါးလေးနဲ့
ညို့ တတ်တဲ့
နင့် အကြောင်းကို
ငါ နကန်းတစ်လုံးမှ မသိခဲ့တာတော့
ငါ့ အတွက်
ရင်နာစရာပေါ့လေ……..။


                                      မုတ်သုံ

ဒီလိုတစ်ဖက်သတ်

တစ်ထောင့်တစ်ည
ပုံပြင်တွေအတိုင်းပါပဲ
ငါ့ ရဲ့ ဒဏ်ရာတွေ
ရှည်လျားတော့မှာလား
အလဲအကွဲနဲ့ ဒဏ်ရာလမ်းမထက်
အရှုံးတွေနဲ့ ပွေ့ဖက်မလဲ
မင်းလေးကတော့
မသိနိုင်ပေါ့ကွာ
တစ်နေ့ပြီးတစ်နေ့
ပြောင်းခဲ့ပေမယ့်
ဒီနှလုံးသားကတော့
နေ့ရက်အလိုက်တိုးချစ်မိတော့
အရှုံးနဲ့ အိပ်မက်ယုံပေါ့
ဘာပဲဖြစ်ဖြစ်
ချစ်ခဲ့ခြင်းက အပြစ်
မဟုတ်ပါဘူး
ရင်နာရခြင်းတွေပေးခဲ့လဲ
ပြုံးလျက်ပဲပေါ့
တစ်နေ့တော့
ရောက်လာမှာပါ
မင်းအချစ်နဲ့ဆုံနိုင်မဲ့နေ့လေးကို
ငါ………………။


                                                မုတ်သုံ

နရီလွဲမှားခြင်း



မျှော်လင့် ခြင်းကင်းမဲ့ တဲ့
တိမ်တိုက်ထဲမှာ
အလွမ်းတွေ့က ငွေ့ရည်ဖွဲ့
ပျော်ဝင်ခဲ့တယ်
အတိတ်မေ့နေတဲ့
အနာဂါတ်ထဲမှာ
အိပ်ရာဝင်တေးတစ်ပုဒ်နဲ့
ငါ အချစ်ကို နှုတ်ဆက်လိုက်တယ်
ဟိုးဝေးက အိပ်မက်တစ်ခု
ခပ်ပါးပါးလေး မက်ဖို့ ကြိုးစားလိုက်တယ်
ဒဏ်ရာရ နှလုံးသားအတွက်
တေးတစ်ပုဒ်နဲ့
ကုစားလိုက်ရင် ဒီည
သာယာသွားမလား
ဘာမှမဟုတ်တဲ့ တွေဝေခြင်းတွေထဲ
လှောင်ပိတ်မနေပါနဲ့
ငါ အခု ဆူးစူးတော့မယ်
ဒါပေမယ့်
နာကျင်မှုကို ငါ မခံစားတတ်အောင်
ဒီ နှလုံးသား
ထုံပေပေနဲ့
မပြီးမစီးနိုင်တဲ့
နရီကို တလွဲစည်းချက်တွေ လိုက်နေတုန်းပါပဲ လား။

မုတ်သုံ

ကိုယ့် အတွေးနဲ့ ကိုယ်


 
အိမ်မက်တစ်ခုလိုပါပဲ
ဝေးကွာခြင်းတွေကို
အဆိပ်ခပ်ဖို့ ကြိုးစားပေမယ့်
ငါ သာ
ကိုယ့် ရှုးကိုယ်ပတ်ခဲ့ပေါ့
အချစ်တစ်ခု အတွက်
အရူးဖြစ်ခဲ့တဲ ငါ
အလွမ်းနဲ့ နပမ်းသတ်ခဲ့ပေါ့
အဲ့ဒါနဲ့
နောက် ထပ် ဘာဘီရုပ်လေးနဲ့
ငါ ထပ် ပတ်သက်ခဲ့တယ်
အဲ့နေ့ က
လေမတိုက်တဲ့ သောကြာနေ့ပေါ့
အဲ့လိုနဲ့
နွယ်ပင်နဲ့ ဆူးလှည်း အတွေ့
အိပ်မက်တွေ
အတုံးအရုံး တိုက်ခတ်ခဲ့ပေါ့
ကျားနာခဲ ခဲသလို
မင်း နဲ့ အတွေ့မှာ
ငါ တရှိုက်မက်မက်
တောင့် တခဲ့ပေါ့
မင်းလဲ
လေပြေ တရှိုက်
ငါ့ အတွက်
ဖန်ဆင်းပေးလိမ့် မယ်လို့
ကိုယ့် အတွေးနဲ့ ကိုယ်
နံ ရိုးတစ်ချောင်း
ပိုလိုက်တယ်……..။

မုတ်သုံ