Tuesday, January 24, 2012

ကြယ်တစ်ပွင့်ပန်ထားတဲ့ မိုးကောင်းကင်


အချစ်ဆိုတာ
နေ နဲ့ လမှာ
ပန်းဘာသာနဲ့
ထိုးထားတဲ့
ကျောက်ထွင်း အက္ခရာ
တစ်လုံးပါပဲ
ဒီတေလေ သာ
မိုက်မိုက်မဲမဲ နဲ့
ဖတ်ချင်နေခဲ့တယ်လေ
စွန့်လွှတ်စိတ်နဲ့
ချစ်ခဲ့ပေမယ့်
ဖြစ်နိုင်မယ်ဆိုရင်လဲ
ပိုင်ဆိုင်ချင်ခဲ့တာတော့
အမှန်တကယ်ပါ ပင့်ကူမလေးရယ်
ကြယ်တွေလို
လနတ်သမီးဆီ အခစားဝင်သလို
ငါ့ အချစ်တွေလဲ
ဖရိုဖရဲ နဲ့ အခစားဝင်ခဲ့
သိခြင်းမသိခြင်းက
အချစ်ဖြစ်မဖြစ် မသိပေမယ့်
အဲ့နေ့ကတော့
ပန်းနုရောင်လွှမ်းသော
သောကြာနေ့ပါပဲ
စံပါယ်ဖူးတွေ အရူးအမူးကြွေနေတယ်
မြေပြင်ညိုတွေလဲ
ပက်ကြားအက်ကွဲနေလေရဲ့
မှိုင်းညို့ညို့လမ်းပေါ်မှာတော့
ရင်ခုန်သံ မရှိတော့တဲ့
ငါ
တစ်ယောက်ထဲ……………….။

                                                                   မုတ်သုံ

မုတ်သုံ အရုဏ်ရဲ့ အသည်းကွဲခန်း


 
မိတ္တူကူးထားတဲ့
အပြုံးနဲ့လာမဖျားယောင်းစမ်းပါနဲ့
မိတ္တူကူးထားသလို
ငါ ရင်ခုန်မပြချင်လို့
ဒီလိုနဲ့ ဆန္ဒတစ်ချို့
အရောင်ပြောင်းခဲ့ပေါ့
တရံရောအခါကဆိုတဲ့
အတွေးတွေကို
ခဏတော့မေ့ပစ်ဖို့တော့ လိုလိမ့်မယ်
ဒါတွေဟာတစ်ချိန်တုန်းကတော့
ကြေကွဲစရာပေါ့
ခုတော့ ဘ၀ဟာ ခါးတဲ့လား
အတ္တတွေထဲ တစ်ချို့တ၀က်
ပိတ်ဖုံးနေတဲ့ အချစ်အနည်းငယ်အတွက်
မုသာဝါဒတွေကို
ငါတို့ မိတ္တူပွားကြည့်ရအောင်
တစ်ချိန်ကျရင်တော့
ရောင်နီတွေ မသိလိုက်တဲ့
အရုဏ်တစ်ခုရဲ့
အသည်းကွဲခန်းပဲ ဖြစ်သွားမလားလို့………။

                                                          မုတ်သုံ

To be continue

အိမ်မက်ထဲမှာ
အတိတ်နဲ့ ငါ ဆုံတွေ့ခဲ့တယ်
မိသံလွင်ရေ….
တကယ်တမ်းတော့
ဒါဟာ ရွက်ခြောက်အိပ်မက်
တစ်ခုလဲ ဖြစ်ရဲ့
အလွမ်းရောင်တွေ
လွှမ်းခြုံထားတဲ့ ရင်ကွဲဆည်းဆာ
ရှင်သန်ခြင်းတွေ အရောင်မဲ့လို့
ခြောက်ကပ်ခဲ့တဲ့
မျှော်လင့် ခြင်း တစ်ချို့အတွက်
သက်တန့် တွေတောင်ပွင့်လို့
မညီညာတဲ့ မြစ်တစ်စင်းအတွက်တော့
ပုံပြောကောင်းတဲ့
လူတစ်ယောက်ဖြစ်ခဲ့ပေါ့
ဒီလိုနဲ့ ငါ့ညတွေ
စာရွက်ဖြူတွေထပ်ခဲ့ပေါ့
မိသံလွင်ရေ
ဆက်ရန်ကျန်သေးတဲ့
အကြောင်းအရာတွေထဲမှာ
အသည်းကွဲခြင်းဆိုတဲ့
အုတ်ကျိုးရောင်တွေ့ ရင့်လို့
ဒါကြောင့်…..
ပန်းနုရောင်တွေထခဲ့တဲ့
လမ်းဟောင်းလေးမှာ
အရင်လိုပဲ
ချန်ခဲ့လိုက်တော့
မိသံလွင်ရေ………..။


မုတ်သုံ

နရီလွဲမှားခြင်း



 

မျှော်လင့် ခြင်းကင်းမဲ့ တဲ့
တိမ်တိုက်ထဲမှာ
အလွမ်းတွေ့က ငွေ့ရည်ဖွဲ့
ပျော်ဝင်ခဲ့တယ်
အတိတ်မေ့နေတဲ့
အနာဂါတ်ထဲမှာ
အိပ်ရာဝင်တေးတစ်ပုဒ်နဲ့
ငါ အချစ်ကို နှုတ်ဆက်လိုက်တယ်
ဟိုးဝေးက အိပ်မက်တစ်ခု
ခပ်ပါးပါးလေး မက်ဖို့ ကြိုးစားလိုက်တယ်
ဒဏ်ရာရ နှလုံးသားအတွက်
တေးတစ်ပုဒ်နဲ့
ကုစားလိုက်ရင် ဒီည
သာယာသွားမလား
ဘာမှမဟုတ်တဲ့ တွေဝေခြင်းတွေထဲ
လှောင်ပိတ်မနေပါနဲ့
ငါ အခု ဆူးစူးတော့မယ်
ဒါပေမယ့်
နာကျင်မှုကို ငါ မခံစားတတ်အောင်
ဒီ နှလုံးသား
ထုံပေပေနဲ့
မပြီးမစီးနိုင်တဲ့နရီကို
တလွဲစည်းချက်တွေ
လိုက်နေတုန်းပါပဲ လား။

                                                မုတ်သုံ

ကိုယ့် အတွေးနဲ့ ကိုယ်


 
အိမ်မက်တစ်ခုလိုပါပဲ
ဝေးကွာခြင်းတွေကို
အဆိပ်ခပ်ဖို့ ကြိုးစားပေမယ့်
ငါ သာ
ကိုယ့် ရှုးကိုယ်ပတ်ခဲ့ပေါ့
အချစ်တစ်ခု အတွက်
အရူးဖြစ်ခဲ့တဲ ငါ
အလွမ်းနဲ့ နပမ်းသတ်ခဲ့ပေါ့
အဲ့ဒါနဲ့
နောက် ထပ် ဘာဘီရုပ်လေးနဲ့
ငါ ထပ် ပတ်သက်ခဲ့တယ်
အဲ့နေ့ က
လေမတိုက်တဲ့ သောကြာနေ့ပေါ့
အဲ့လိုနဲ့
နွယ်ပင်နဲ့ ဆူးလှည်း အတွေ့
အိပ်မက်တွေ
အတုံးအရုံး တိုက်ခတ်ခဲ့ပေါ့
ကျားနာခဲ ခဲသလို
မင်း နဲ့ အတွေ့မှာ
ငါ တရှိုက်မက်မက်
တောင့် တခဲ့ပေါ့
မင်းလဲ
လေပြေ တရှိုက်
ငါ့ အတွက်
ဖန်ဆင်းပေးလိမ့် မယ်လို့
ကိုယ့် အတွေးနဲ့ ကိုယ်
နံ ရိုးတစ်ချောင်း
ပိုလိုက်တယ်……..။

မုတ်သုံ