Tuesday, December 13, 2011

အလွမ်းနဲ့ချဉ်ခြင်းတပ်ခြင်း

တကယ်တမ်း
ရင်ဘတ်နဲ့လွမ်းတယ်
ကောင်မလေးရယ်
ငါ
မင်းရဲ့ အပြုံးလေးနဲ့
အိပ်မက် မက်ခဲ့သူပါ
လွမ်းခြင်းကဗျာ
တစ်ပုဒ်အတွက်
နှလုံးသားတစ်စုံလုံး
မွန်းကြပ်လို့
မင်းနဲ့ ပြာလဲ့လဲ အတိတ်ထဲက
ဘာမှ မရှိတဲ့
ပျော်ရွှင်မှုကို
ငါ ပြန် ချဉ်ခြင်းတပ်မိတယ်
တိမ်တိုက်တွေရဲ့
အကြောင်းကို ငါ နားလည်ပေမယ့်
နှုတ်ခမ်းပါးပါးလေးနဲ့
ညို့ တတ်တဲ့
နင့် အကြောင်းကို
ငါ နကန်းတစ်လုံးမှ မသိခဲ့တာတော့
ငါ့ အတွက်
ရင်နာစရာပေါ့လေ……..။


                                      မုတ်သုံ

ဒီလိုတစ်ဖက်သတ်

တစ်ထောင့်တစ်ည
ပုံပြင်တွေအတိုင်းပါပဲ
ငါ့ ရဲ့ ဒဏ်ရာတွေ
ရှည်လျားတော့မှာလား
အလဲအကွဲနဲ့ ဒဏ်ရာလမ်းမထက်
အရှုံးတွေနဲ့ ပွေ့ဖက်မလဲ
မင်းလေးကတော့
မသိနိုင်ပေါ့ကွာ
တစ်နေ့ပြီးတစ်နေ့
ပြောင်းခဲ့ပေမယ့်
ဒီနှလုံးသားကတော့
နေ့ရက်အလိုက်တိုးချစ်မိတော့
အရှုံးနဲ့ အိပ်မက်ယုံပေါ့
ဘာပဲဖြစ်ဖြစ်
ချစ်ခဲ့ခြင်းက အပြစ်
မဟုတ်ပါဘူး
ရင်နာရခြင်းတွေပေးခဲ့လဲ
ပြုံးလျက်ပဲပေါ့
တစ်နေ့တော့
ရောက်လာမှာပါ
မင်းအချစ်နဲ့ဆုံနိုင်မဲ့နေ့လေးကို
ငါ………………။


                                                မုတ်သုံ

နရီလွဲမှားခြင်း



မျှော်လင့် ခြင်းကင်းမဲ့ တဲ့
တိမ်တိုက်ထဲမှာ
အလွမ်းတွေ့က ငွေ့ရည်ဖွဲ့
ပျော်ဝင်ခဲ့တယ်
အတိတ်မေ့နေတဲ့
အနာဂါတ်ထဲမှာ
အိပ်ရာဝင်တေးတစ်ပုဒ်နဲ့
ငါ အချစ်ကို နှုတ်ဆက်လိုက်တယ်
ဟိုးဝေးက အိပ်မက်တစ်ခု
ခပ်ပါးပါးလေး မက်ဖို့ ကြိုးစားလိုက်တယ်
ဒဏ်ရာရ နှလုံးသားအတွက်
တေးတစ်ပုဒ်နဲ့
ကုစားလိုက်ရင် ဒီည
သာယာသွားမလား
ဘာမှမဟုတ်တဲ့ တွေဝေခြင်းတွေထဲ
လှောင်ပိတ်မနေပါနဲ့
ငါ အခု ဆူးစူးတော့မယ်
ဒါပေမယ့်
နာကျင်မှုကို ငါ မခံစားတတ်အောင်
ဒီ နှလုံးသား
ထုံပေပေနဲ့
မပြီးမစီးနိုင်တဲ့
နရီကို တလွဲစည်းချက်တွေ လိုက်နေတုန်းပါပဲ လား။

မုတ်သုံ

ကိုယ့် အတွေးနဲ့ ကိုယ်


 
အိမ်မက်တစ်ခုလိုပါပဲ
ဝေးကွာခြင်းတွေကို
အဆိပ်ခပ်ဖို့ ကြိုးစားပေမယ့်
ငါ သာ
ကိုယ့် ရှုးကိုယ်ပတ်ခဲ့ပေါ့
အချစ်တစ်ခု အတွက်
အရူးဖြစ်ခဲ့တဲ ငါ
အလွမ်းနဲ့ နပမ်းသတ်ခဲ့ပေါ့
အဲ့ဒါနဲ့
နောက် ထပ် ဘာဘီရုပ်လေးနဲ့
ငါ ထပ် ပတ်သက်ခဲ့တယ်
အဲ့နေ့ က
လေမတိုက်တဲ့ သောကြာနေ့ပေါ့
အဲ့လိုနဲ့
နွယ်ပင်နဲ့ ဆူးလှည်း အတွေ့
အိပ်မက်တွေ
အတုံးအရုံး တိုက်ခတ်ခဲ့ပေါ့
ကျားနာခဲ ခဲသလို
မင်း နဲ့ အတွေ့မှာ
ငါ တရှိုက်မက်မက်
တောင့် တခဲ့ပေါ့
မင်းလဲ
လေပြေ တရှိုက်
ငါ့ အတွက်
ဖန်ဆင်းပေးလိမ့် မယ်လို့
ကိုယ့် အတွေးနဲ့ ကိုယ်
နံ ရိုးတစ်ချောင်း
ပိုလိုက်တယ်……..။

မုတ်သုံ

Saturday, November 19, 2011

ရင်ဖွင့်သံ




ခခယယနဲ့

ပြောပါရစေ ကောင်မလေး

တကယ်တော့

အေးမြတဲ့ အသံလေးနဲ့တင်

ငါ မင်းအတွက် အသင့်ဖြစ်နေတတ်ပီ

ရှုံးနိမ့် ခဲ့ ရတဲ့ နေ့ တွေမှာ

ငါ့ အနာဂါတ်

အလင်းရောင်တွေပျောက်ခဲ့ရပေမယ့်

မင်းရဲ့ အပြုံးလေး တစ်ချက်အောက်မှာ

အကုန်လုံး ပျောက်ပျက်ကုန်ပေါ့

ငါ့ ဘ၀ရဲ့ ရှေ့ဆက်ရမယ့်

လမ်းတွေ အတွက်

ငါ့ ကို အားအင်လေးတွေ

ပေးသနားပါ ကောင်မလေး

ငါ အသက်ရှင်သန်ခြင်းတွေကို

မင်းရဲ့ ရယ်သံလေးအောက်

အပ်နှံပါတယ်……။

ငါ ၏ ဘ၀ကို လမ်းပြပဲ့ ကိုင်တော်မူပါ

တကယ်တော့

ဒါဟာ….

တေလေတစ်ကောင်ရဲ့

ရင်ဖွင့်သံပါပဲ

ငါ့ ရဲ့ ………………………………။





မုတ်သုံ

Friday, November 18, 2011

နတ်ဆိုးမသိလိုက်တဲ့ ပြဿဒါး

ပြဿနာတစ်ခုဖြစ်လာတိုင်း
ငါ့ ကြောင့်တော့ မဟုတ်ပါဘူး
မင်းကိုချစ်တဲ့ အချစ်တွေနဲ့
ငါ နတ်ဆိုးတစ်ပါး ဖြစ်လာခဲ့တာပါ
ငါရဲ့ အချစ်တွေနဲ့
မင်းရဲ့ ခြေဖ၀ါးအောက်
ပြားပြားဝပ် ခစားခဲ့ပေမဲ့
နင်  ငါ့ကို နားမလည်ပေးခဲ့ပါဘူး
ပြဿနာကို မွေးရာပါ ဗီဇအဖြစ်
ရှာဖို့ပဲစဉ်းစားနေတဲ့ကောင်လို့ပဲ
သတ်မှတ်တယ် မလား
ထားပါ….
ဒါတွေက အတိတ်တွေဆိုပေမယ့်
ရိုးသားတဲ့ နှလုံးသားတစ်ခုရဲ့
ခပ်ချာချာ သမိုင်းတစ်ပုဒ်ဆိုတာတော့
သေချာတယ်……
မုန်းလိုက်ကောင်မလေး…မုန်းလိုက်
ပြဿနာကို ပြဿဒါးနေ့ ရက်တိုင်းမှာ
လိုက်ရှာတတ်တဲ့ငါ့လိုကောင်ကို
မုန်းလိုက်စမ်းပါ…
ဒါပေမယ့်
အဲ့ကောင်ရဲ့ ရင်ဘတ်ထဲမှာ
မင်းကို ချစ်တဲ့ အချစ်ကတော့
ဖြူစင်စွာဖြစ်ခဲ့တယ်ဆိုတာတော့
မင်းရင်ဘတ်ထဲ ထည့်ထားလိုက်ပါ
ကောင်းပါတယ်
နတ်ဆိုး နဲ့ပြဿနာ ဆိုတာကတော့
ဒွန်တွဲနေမှာပဲလေ
အဲ….
ဒီတခါပြဿနာကတော့
နတ်ဆိုးမသိလိုက်တဲ့ ပြဿနာပါပဲလေ………။


                                                          နတ်ဆိုး

@ @ @ အဇ္ဈတ္တ ...ဂီတ @ @ @



@ @ @
( )ဝေဒနာကို ဈေးကြီးပေးဝယ်တက်တဲ့
ခပ်ညံ့ ညံ့ ကဗျာသမားတစ်ယောက်ပါ...။

(1)
တရွက်တိုက် ...ပျံသန်းနေရတဲ့....အိပ်မက်
နှင်းဆီရောင် တံစက်မြိတ်မှာမှ မီးသွားခတ်မိရှာတယ်...
ကြွယ်ပိုးကြွယ်ဝ မောဟမျက်လုံး အေးစက်စက်
သံချေး ထပ်ထပ်  အရိပ်...တောင်ပံ
ငါ့ ၀တ္ထုလေး ဘာသာပြန်ရ ခက်ခဲ့တယ်....။

(2)
နေပူလှန်းထားခံရမယ့် ...မေးခွန်း
ပြဿနာမကင်းတဲ့ နေထိုင်ခြင်းများနဲ့
ဆန္ဒ...၊စည်း ....၊အသံ ၊၀ိညာဉ်
အဇ္ဈတ္တရင်ပြင်က ပင့်ကူ
ငါ့ ကောင်းကင်လေး မြူထူခဲ့တယ်...။

(3)
သေတော့မှာပဲ....
မီးခိုးရောင် ကောင်းကင်အောက်က
ဆင်ခြင်မဲ့ သီကုံးမိတဲ့ သောကြာတေး
အလင်း ဝေး...ရင်၊နာကျင် ...သို ၀ှက်
ငါ့ ...ကဗျာလေး အဆုံးသတ်ရ ခက်နေခဲ့တယ်....။

(4)
လွမ်းမိသေးတယ်
နောက်ဆိုတာ ကျောပဲ ရှိတယ်တဲ့
လေလွင့် လိပ်ပြာတွေ ဒုန်းစိုင်းမယ့် ဂီတ
နောက်ကျ ကျနေတဲ့ လရောင်
တမြေ့ မြေ့ကျွမ်း ...လောင်၊အိပ်မက် သောင်ကမ်း ၊
နေ့ရက်နွမ်း နွမ်း...သက်ပြင်းတစ်ပုဒ်
ငါ့ ...ရင်အုပ်ကတော့ ကြက်ခြေခတ်နဲ့ ချုပ်ရမယ်....။


ခမ်းနားကြပါစေ
ဘုန်းဝေသစ္စာ။

တေလေရဲ့ ဝေဒနာ



 
အဝေးကမြင်ရတဲ့
တိမ်တိုက်တွေလို
မင်းရဲ့ စိတ် အစိုးမရပါလားကွာ
ယုံကြည်တဲ့ ကံကြမ္မာ
မှင်ရေကျဲတော့
ငါ့ အတွက် ကြမ္မာငင်ခြင်းပဲပေါ့
ခပ်ပါးပါးလေးပြုံးတတ်တဲ့
မင်းရဲ့ ပုံရိပ်လေး
အမှတ်တရ သိမ်းဆည်းထားဖို့
ငါ
မျက်လုံးစုံမှိတ်ကြိုးစားမိတယ်
နံမည်လေးတစ်ခု
ရင်ထဲမှာအခါခါ တမ်းတ
အိပ်မက်လေးတစ်ခုလိုပေါ့
တကယ်တော့
ဒါဟာ…..
နတ်ဆိုးတစ်ပါး
အပေါင်းအဖော်တွေနဲ့
အဆင်းမှာ
ဘီးတပ်ဝင်လာခြင်းပါပဲလေ………..။


                                      မုတ်သုံ

မုတ်သုံ ဘုံဆိုင်

နေညိုရင်
ဆုံနေကျနေရာလေးမှာ
အမုန်းမီးမပွားပဲ
အပြုံးလေးတွေနဲ့ ထုဆစ်ကြမယ်
အချစ်အကြောင်းလဲ တွေးမယ်
ဘ၀အကြောင်းလဲပြောမယ်
ငါတို့ပြောတဲ့စကား
အစာသွပ်စကားတော့ မဟုတ်ခဲ့ဘူး
ရင်တဲ့ရင်းတဲ့ စကားတွေနဲ့
ငါတို့ ညတွေသာယာခဲ့ကြတယ်
လူတစ်ချို့ကတော့
နှာခေါင်းရှုံ့ကြပေါ့
ကဗျာစာသားတွေလေးနက်ဖို့
ကုန်ကြမ်းတစ်ခုလဲ ဖြစ်ရဲ့
ဒါကြောင့်
ဘယ်သူတွေဘာပြောပြော
နေညိုရင်တော့
ငါ့ ရဲ့ခြေလှမ်းတွေက
သူ့ဆီဦးတည်လျက်ပါပဲ…….။


                                                          မုတ်သုံ

Faith of lie


 
အပူမီးတွေနဲ့
ရင်ဘတ်တွေလောင်မြိုက်ခဲ့ပေါ့
ပုံမှန်အချိန်ဇယားတွေနဲ့
သူများမိုးခါးရေသောက်
လိုက်သောက်ရနဲ့
ဘယ်တော့မှ အဆုံးသာဒ်မှာလဲ
ဒီကြားထဲမှာ
အချစ်ဆိုတဲ့ အလိုက်ကမ်းဆိုး
မသိတဲ့ နတ်ဆိုးတစ်ကောင်က
ချဉ်ခြင်းတပ်မှုတွေနဲ့
တောင်းဆိုမှုတွေက လုပ်လိုက်သေးတယ်
အဲ့ဒါနဲ့ စာရွက်ဖြူတွေကြား
အသည်းကွဲ သမိုင်းတွေဖြစ်လို့
ဟန်ဆောင်မှုတွေကို
ရေလဲ လို စားသုံးပြီး
မာတုဂါမလေးတွေကို
ငါ ပြုံးပြတတ်လာတယ်
အဲ့လိုနဲ့
၉ ယောက်မြောက်ရည်းစားနဲ့
ပြတ်ပီးတဲ့ အချိန်မှာ
ငါ
ဆူးလှည်းတစ်စီးဖြစ်ခဲ့ပေါ့……………။

                                               
                                                                             မုတ်သုံ

Wednesday, November 9, 2011

မာယာပြိုင်ပွဲ

အစထဲက
အလောင်းအစားနဲ့ စတဲ့
နှလုံးသားကစားပွဲ
နင် နိုင်မလား ငါ နိုင်မလားတော့
မသိပေမယ့်
တို့ ၂ ယောက်လုံးက တော့
ခေသူတွေတော့ မဟုတ်ဘူး
ငါ အဌာရသ ပညာရပ်တွေတော့
မသိဘူး
ဗျူဟာမြောက် နှလုံးသားတော့
ငါ့ ရင်ဘတ်ထဲမှာ ရှိနေတယ်
ကောင်မလေးရယ်
မင်းရဲ့ မာယာနှုတ်ခမ်းလေးတွေနဲ့
ငါ့ ကို ပြုစားစမ်းပါ
ငါ ရင်ခုန်ချင်ယောင်ဆောင်ချင်လို့
ပြီးတော့ လဲ ပြီးသွားမှာပေါ့
ဒီကစားပွဲ အတွက်
လောင်းကြေးက
ဒဏ်ရာဗလပွနဲ့
အက်ကြောင်းထပ်နေတဲ့
နှလုံးသား ကိုယ်စီနဲ့
မာယာပြိုင်ပွဲ
ဘယ်သူနိုင်မလဲ ဆိုတာတော့………….။

Suicide

ဘာမဟုတ်တဲ့
ကိစ္စနဲ့sexy မဆန်ချင်စမ်းပါနဲ့
ရိုင်းတယ်ဆိုတာ
သတ်မှတ်ချက်တွေပဲ
သူများနောက်လိုက်လုပ်ပီးတော့
ငါ လူယဉ်ကျေးမဖြစ်ချင်ဘူး
လူပီသဖို့ အတွက်တော့
မုသာဝါဒတွေ
ဒီလောက်ဖောင်းပွနေမှတော့
ဘာလိုဦးမှာလဲ
ဝင်ကစွပ် ယဉ်ကျေးမှုတွေကြား
မျက်စိစုံမှိတ် ငါ မပျော်မွေ့ဘူး
ဒါကြောင့် နောက်ကျောကို ထိုးမဲ့
ဒါးတွေကိုလဲ ငါ မကြောက်ဘူး
ကြောက်တတ်ရင် ၂ ခါသေရတယ်
မမျှတမှုတွေကို
ညစာလို သုံးဆောင်ရင်း
ငါ့ မသိစိတ်ကတော့
ဆာမူရိုင်းတစ်ကောင်လို
ရဲရင့်ခဲ့ပေါ့…………………..။

နောင်တတွေနဲ့ တေလေ

ဘာလိုလိုနဲ့
ဆောင်းရဲ့ ဖွင့်ဆိုချက်တွေ
ပြည့်တဲ့ အချိန်
သဇင်တွေပွင့်တော့ မယ်
ကောင်မလေးရေ
အတိတ်ကို သတိရတယ် ဆိုပေမယ့်
ပစ္စုပ္ပန်မှာ ငါ ရပ်တည်နိုင်ဖို့
သတိရခြင်းတစ်ချို့ တ၀က်ကို
စွန့်လွှတ်ရတော့မယ်
ဒဏ်ရာပေးခဲ့တာ မဟုတ်ပေမယ့်
ဝေဒနာဖြစ်သွားခဲ့ရင်
ခွင့်လွှတ်ပါ ကောင်မလေး
ဘယ်ပြကာ ညာကိုလှမ်းတာ
မင်းကောင်းဖို့ အတွက်ပါ
ငါ့ လို…
မဟာဗျုဟာမြောက် ချစ်ခြင်းတွေကို
ရင်နဲ့ အမျှ သယ်ပိုးထားတဲ့
တေလေလိုကောင်အတွက်
နောင်တတွေနဲ့ ရှင်သန်တာ
အကောင်းဆုံးဖြစ်ပေမယ့်
မင်းလို ပင်မြင့် ထက်က
အဖြူရောင်ပန်းတပွင့်အနေနဲ့တော့
နောင်တတွေနဲ့
ဘ၀ကို မရှင်သန်တာ
ပိုပြီးကောင်းလိမ့်မယ်ထင်ပါတယ်လေ……..။



                                                                   မုတ်သုံ

ထမင်းလုံးတစ္ဆေချောက်တဲ့ည

အတ္တတွေ တွေဝေမှုတွေနဲ့
မာယာတောထဲ အမှောင်တွေဖုံး
အနာဂါတ်ထဲ လမ်းပျောက်နေတဲ့ငါ
ဒီအချိန် ဘယ်သူကယ်တင်နိုင်မလဲ
မျှော်လင့်ရင်းဝေးပေါ့
ဗန်ဂိုး တမ်းချင်းသီချင်းလဲ
ထင်တိုင်းမပေါက်တော့ပါဘူး
ရင်ထဲက ရိုးသားခြင်းတွေအတွက်
ထားစရာနေရာမရှိလောက်အောင်
မုသားတွေပြည့်နှက်နေပေါ့
အော်
ဒါဟာဘ၀တဲ့လား….။
စာမျက်နှာပေါ်က အပြုံးတစ်ချက်နဲ့
အမှန်တရားက စိန်ခေါ်သွားပေါ့
ဒါကြောင့် ဒီကဗျာမှာ
ငါ ကိုယ်တိုင်ပဲ
ရေးသားရိုက်ကူး
သရုပ်ဆောင်လိုက်မယ်………..။

                                                မုတ်သုံ

ထမင်းလုံးတစ္ဆေချောက်တဲ့ည

အတ္တတွေ တွေဝေမှုတွေနဲ့
မာယာတောထဲ အမှောင်တွေဖုံး
အနာဂါတ်ထဲ လမ်းပျောက်နေတဲ့ငါ
ဒီအချိန် ဘယ်သူကယ်တင်နိုင်မလဲ
မျှော်လင့်ရင်းဝေးပေါ့
ဗန်ဂိုး တမ်းချင်းသီချင်းလဲ
ထင်တိုင်းမပေါက်တော့ပါဘူး
ရင်ထဲက ရိုးသားခြင်းတွေအတွက်
ထားစရာနေရာမရှိလောက်အောင်
မုသားတွေပြည့်နှက်နေပေါ့
အော်
ဒါဟာဘ၀တဲ့လား….။
စာမျက်နှာပေါ်က အပြုံးတစ်ချက်နဲ့
အမှန်တရားက စိန်ခေါ်သွားပေါ့
ဒါကြောင့် ဒီကဗျာမှာ
ငါ ကိုယ်တိုင်ပဲ
ရေးသားရိုက်ကူး
သရုပ်ဆောင်လိုက်မယ်………..။

                                                မုတ်သုံ

Monday, November 7, 2011

လမ်းခွဲ

>>> သံယောဇဉ်တွေကိုဘာနဲ့
>>> တိုင်းဆရမလဲ
>>> မမြင်နိုင်သေးတဲ့  ရင်ခုန်မှု့ကြောင့်
>>> မဟုတ်ခဲ့ရပါဘူး
>>> အတ္တဆန်တဲ့ ခပ်ရိုးရိုးပြကွက်ကလေးတစ်ခုပါ
>>> နှုတ်ဆက်ခြင်းရဲ့နောက်ကွယ်မှာ
>>> မရင့်ကျက်သေးတဲ့နှလုံးသားနဲ့အတူ
တူ
>>> ဘယ်တော့မှခွင့်မလွှတ်ပါနဲ့ဆိုတဲ့
>>> စကားပဲပြောတက်ခဲ့ပြန်တယ်
>>> နေပူတာလည်းငါမကြောက်ဘူး
>>> ချမ်းအေးတာလည်းငါမမှု့ပါဘူး
>>> မိုးတွေရွာမှာကိုလည်းငါမလန့်ပါ
ဘူး
>>> ငါကြောက်တာ ငါမှု့တာ ငါလန့်တာ
>>> ငါတို့တွေလမ်းခွဲခဲ့ပေမဲ့
>>> နင်ငါ့ကိုအမုန်းကြီးမုန်းပြီး
>>> ရန်သူလိုသဘောထားမှာကိုပေါ့
>>> ငါ့ကိုမုန်းလိုက်နိုင်ပါတယ်
>>> ငါ့ကိုမေ့လိုက်နိုင်ပါတယ်
>>> ငါ့ကိုရက်စက်နိုင်ပါတယ်
>>> ဒါပေမဲ့...............ငါနင့်ကိ
ုလမ်းခွဲခဲ့တာ
>>> ငါနင့်ကိုသိပ်ချစ်လွန်းလို့ပါ..
............။
>>>
>>> PS.ခံစားချက်အမှန်တွေဖြစ်ပါသည်.
...။
အိဖြူ

Sunday, November 6, 2011

အလွမ်းရဲ့နောက်ဆုံးထွက်သက်

ရင်ခုန်ခြင်းက
အနားသတ်မျဉ်းတစ်ဖက်ဆီသို့
လွင့်ပျံသွားခဲ့သော
နေ့လေးတစ်နေ့................။
စွဲလန်းခြင်းက
ငြိတွယ်ခြင်းဆီသို့
တိုးဝင်ခဲ့သောအကြင်နာလေး.......
ချစ်ခဲ့ခြင်းက
ခါးသက်ခြင်းဆီသို့
အမှတ်မထင်ရောက်ရှိသွားသော
လမ်းခွဲခြင်း.......................။
သံယောဇဉ်ဖြစ်ခဲ့ခြင်းက
အလွမ်းရဲ့နောက်ဆုံးထွက်သက်ဆီသို
ပို့ဆောင်ပေးခဲ့သော
နှုတ်ဆက်ခြင်း...................။
မေ့လိုက်ပါရစေနော်
အလွမ်းရဲ့နောက်ဆုံးထွက်သက်
ပင့်သက်ကလေးတစ်ရှိုက်မှာ
ငါအားလုံးနဲ့အတူ
နင့်ကိုချစ်ခဲ့တာတွေစွန့်လွှတ်ခဲ့ပါပြီကွယ်.......................................။

အိဖြူ 

ကျနော့် ကဗျာ ညီမတစ်ယောက်ရေးတဲ့ ကဗျာလေးပါ 
ခံစားချက်စစ်တယ် ထင်လို့
တင်ပေးလိုက်ပါတယ်

Saturday, November 5, 2011

တို့အတူ



လောကဓံတရား
အလွန်ကို ခါးသတဲ့
ဘာမှ မလိုပါဘူး ချစ်သူ
မင်းရဲ့ ရဲရင့်မှုတစ်ခုသာ
လိုအပ်တယ်
အကုန်ထားခဲ့ လိုက်ချစ်သူ
တို့ ၂ ယောက်ရဲ့ ခရီးကို
ငါ့ ဘ၀နဲ့ရင်း ရှေ့ဆက်မှာမို့လိုပါ
အတိုက်အခိုက်တော့
ရှိမှာပေါ့……
ဒါပေမယ့် ရဲရင့်လိုက်ပါ
မင်းရဲ့ ရဲရင့် မှုတစ်ခုထဲနဲ့
ကမ္ဘာကြီးတစ်ခုလုံးကို
သိမ်းပိုက်လို့ရတယ်လေ
တို့ နှစ်ယောက်ဖန်တီးမဲ့ ကမ္ဘာမှာ
တန်ဖိုးကြီးကားတွေမရှိဘူး
အစာသွပ်စကားတွေမလိုဘူး
ဝင်ကစွပ်ခံစားချက်တွေမပါဘူး
အချစ်တွေနဲ့သာ
တည်ဆောက်မယ် ချစ်သူ
ဒါကြောင့် တွေဝေမှုတွေ
နောက်ကို ပို့
ရဲရင့်ခြင်းတွေနဲ့
ချစ်ခြင်းရဲ့ တံခါးကို
တို့ အတူ ဖွင့်လှစ်လိုက်စို့လား……….။

                                                          မုတ်သုံ

တို့အတူ



လောကဓံတရား
အလွန်ကို ခါးသတဲ့
ဘာမှ မလိုပါဘူး ချစ်သူ
မင်းရဲ့ ရဲရင့်မှုတစ်ခုသာ
လိုအပ်တယ်
အကုန်ထားခဲ့ လိုက်ချစ်သူ
တို့ ၂ ယောက်ရဲ့ ခရီးကို
ငါ့ ဘ၀နဲ့ရင်း ရှေ့ဆက်မှာမို့လိုပါ
အတိုက်အခိုက်တော့
ရှိမှာပေါ့……
ဒါပေမယ့် ရဲရင့်လိုက်ပါ
မင်းရဲ့ ရဲရင့် မှုတစ်ခုထဲနဲ့
ကမ္ဘာကြီးတစ်ခုလုံးကို
သိမ်းပိုက်လို့ရတယ်လေ
တို့ နှစ်ယောက်ဖန်တီးမဲ့ ကမ္ဘာမှာ
တန်ဖိုးကြီးကားတွေမရှိဘူး
အစာသွပ်စကားတွေမလိုဘူး
ဝင်ကစွပ်ခံစားချက်တွေမပါဘူး
အချစ်တွေနဲ့သာ
တည်ဆောက်မယ် ချစ်သူ
ဒါကြောင့် တွေဝေမှုတွေ
နောက်ကို ပို့
ရဲရင့်ခြင်းတွေနဲ့
ချစ်ခြင်းရဲ့ တံခါးကို
တို့ အတူ ဖွင့်လှစ်လိုက်စို့လား……….။

                                                          မုတ်သုံ