Tuesday, January 24, 2012

ကြယ်တစ်ပွင့်ပန်ထားတဲ့ မိုးကောင်းကင်


အချစ်ဆိုတာ
နေ နဲ့ လမှာ
ပန်းဘာသာနဲ့
ထိုးထားတဲ့
ကျောက်ထွင်း အက္ခရာ
တစ်လုံးပါပဲ
ဒီတေလေ သာ
မိုက်မိုက်မဲမဲ နဲ့
ဖတ်ချင်နေခဲ့တယ်လေ
စွန့်လွှတ်စိတ်နဲ့
ချစ်ခဲ့ပေမယ့်
ဖြစ်နိုင်မယ်ဆိုရင်လဲ
ပိုင်ဆိုင်ချင်ခဲ့တာတော့
အမှန်တကယ်ပါ ပင့်ကူမလေးရယ်
ကြယ်တွေလို
လနတ်သမီးဆီ အခစားဝင်သလို
ငါ့ အချစ်တွေလဲ
ဖရိုဖရဲ နဲ့ အခစားဝင်ခဲ့
သိခြင်းမသိခြင်းက
အချစ်ဖြစ်မဖြစ် မသိပေမယ့်
အဲ့နေ့ကတော့
ပန်းနုရောင်လွှမ်းသော
သောကြာနေ့ပါပဲ
စံပါယ်ဖူးတွေ အရူးအမူးကြွေနေတယ်
မြေပြင်ညိုတွေလဲ
ပက်ကြားအက်ကွဲနေလေရဲ့
မှိုင်းညို့ညို့လမ်းပေါ်မှာတော့
ရင်ခုန်သံ မရှိတော့တဲ့
ငါ
တစ်ယောက်ထဲ……………….။

                                                                   မုတ်သုံ

No comments:

Post a Comment