Tuesday, January 24, 2012

မုတ်သုံ အရုဏ်ရဲ့ အသည်းကွဲခန်း


 
မိတ္တူကူးထားတဲ့
အပြုံးနဲ့လာမဖျားယောင်းစမ်းပါနဲ့
မိတ္တူကူးထားသလို
ငါ ရင်ခုန်မပြချင်လို့
ဒီလိုနဲ့ ဆန္ဒတစ်ချို့
အရောင်ပြောင်းခဲ့ပေါ့
တရံရောအခါကဆိုတဲ့
အတွေးတွေကို
ခဏတော့မေ့ပစ်ဖို့တော့ လိုလိမ့်မယ်
ဒါတွေဟာတစ်ချိန်တုန်းကတော့
ကြေကွဲစရာပေါ့
ခုတော့ ဘ၀ဟာ ခါးတဲ့လား
အတ္တတွေထဲ တစ်ချို့တ၀က်
ပိတ်ဖုံးနေတဲ့ အချစ်အနည်းငယ်အတွက်
မုသာဝါဒတွေကို
ငါတို့ မိတ္တူပွားကြည့်ရအောင်
တစ်ချိန်ကျရင်တော့
ရောင်နီတွေ မသိလိုက်တဲ့
အရုဏ်တစ်ခုရဲ့
အသည်းကွဲခန်းပဲ ဖြစ်သွားမလားလို့………။

                                                          မုတ်သုံ

No comments:

Post a Comment