Tuesday, March 27, 2012

လူအသီအိုရီ



လူအတစ်ယောက်အတွက်
ခက်ခဲလွန်းတဲ့
မြို့ပြသီအိုရီ…..

ဆန္ဒတွေမိုးမှောင်ကျတဲ့နေ့ကပေါ့

နောင်တဆိုတာလဲ နောက်ကျတတ်တယ်လား
ဝတ်ရည်နဲ့မှ အသက်ဆက်မယ့်
လိပ်ပြာတစ်ကောင်
ပျံသန်းခြင်းအတောင်ပံတွေမဲ့လို့

အရူးတစ်ကောင်ရဲ့ အိပ်မက်ကို
ပိုင်ဆိုင်ထားတဲ့
မြစိမ်းရောင် ကဝေမလေးရေ
သတိမမူ ဂူမမြင်ခဲ့တာ ငါပါ

ဒီလိုနဲ့

လူအတစ်ယောက်အတွက်
ခက်ခဲလွန်းတဲ့
မြို့ပြသီအိုရီ…..တစ်ခုမှာ
ဆန္ဒတွေ မိုးမှောင်ကျ ခဲ့တယ်……..။

မိုးပြေး

No comments:

Post a Comment