Thursday, October 18, 2012

ချစ်၍မုန်းသည် ကွာရှင်းလက်ထပ်ပြတ်စဲခဲ့သည်



သတ်မှတ်ချက်တစ်ခုအောက်
အရိပ်တစ်ခုလို ငါ မလိုက်နိုင်ခဲ့ဘူး…
ဘာမှန်းမသိတဲ့ ယုံကြည်ခြင်းတွေ
ခြစားတတ်ခဲ့သလား

ဘ၀…အကြောင်းပြချက်မဲ့
အဆုံးသတ်မရှိတဲ့ လမ်းတွေထဲ
ရောင်းကုန်မဟုတ်တဲ့ ချစ်ခြင်းတွေနဲ့
အိပ်မက်ထဲ ငါ လမ်းလျှောက်ဖူးခဲ့…

ကာရန်ဆိုတာ ညှိယူလို့ ရနိုင်မလား
ရလာဒ်တွေ ပြောင်းကုန်ခဲ့ပြီး
ဒီလိုနဲ့ အသက်ရှုတွေ ကြပ်
တမြေ့မြေ့နဲ့……

ခဏခဏ နဲ့ ဘ၀တစ်ခု
မုန်တိုင်းတွေ ထန်ခဲ့ပေါ့

တကယ်တော့

ငါ ဟာ လမ်းမှာ မင်းတိုက်မိခဲ့တဲ့
ခလုပ် ကန်သင်း တစ်ခုဖြစ်ခဲ့မှန်း
ထင်မထားမိလိုက်ဘူး……

အော်
ဒါလဲ ဘ၀တစ်ခုပဲပေါ့ နေခြည်…

ငှားဖတ်ပြီး ဆိုင်ပြန်ပို့ခံလိုက်ရတဲ့
အပျော်ဖတ်စာအုပ် တစ်အုပ်
အဲ့ဒါငါပေါ့…

အမြဲတမ်းပြောင်းလဲနေတဲ့
လူတွေကြား
ရောင်နီလာနေပေမယ့်
ငါ့ အတွက်တော့
ဆက်လက် မှောင်မိုက်မဲနေစဲပါပဲလား…………။


                                                                   မုတ်သုံ

No comments:

Post a Comment