Thursday, October 18, 2012

မိုးခါးရေ(၀ါ) ကိုယ့် အတ္တကို မော့သောက်ခြင်း





အမှားနဲ့ မကင်းဘူးတဲ့
အဲ့လိုနဲ့ ကျွန်တော်  တို့ ခဏခဏ
မှားခဲ့တာတွေများခဲ့ပြီ

အိပ်မက်ဟောင်းကြီးဆိုတဲ့
နံရံတွေခြား
ကျုပ်တို့ ဘောင်တွေ ကန့်ခံလိုက်ရတယ်

သိက္ခာနဲ့ မထိမ်းနိုင်တဲ့
ဆန္ဒတဲ့ လား
ကဲ ကျုပ်တို့ ဆက်သွားကြတာပေါ့…

အရောင်စုံတဲ့ မျက်နှာအဟောင်းကြီးတွေနဲ့
သံသရာအသစ်တွေထဲ 
ကျုပ်တို့ အဆိပ်တွေ မော့သောက်နေခဲ့တယ်

တကယ်တော့  ကျုပ်တို့က
အမဲလိုက်ခံနေရတဲ့ သားကောင်တွေပါ

မတည်မြဲခြင်းတွေကြား
ကျုပ်တို့ ကိုယ် ကျုပ်တို့
လိမ်လည်ရင်းနဲ့
ကိုယ့်ကိုကိုယ် အမဲပြန်လိုက်နေရတဲ့
ပိုလာဝက်ဝံတွေပေါ့…..

တခါတလေ နိယာမတွေကြား
ဘုံပျောက်တတ်သေးတယ်

ခေတ်ရေစီးကြောင်းတဲ့
ကျုပ် မစီးချင်ပါဘူး
အဲ့ဒီမိုးခါးရေသောက်တိုင်း
အရိုးခဏခဏစူးနေသလားလို့

အဲ့ဒီလိုနဲ့ ကဗျာတွေ ထုတ်ကုန်ဖြစ်ခဲ့

ခင်ဗျားတို့ ဒီကဗျာကို
နားမလည်ဘူးမလား
ဒါပေမယ့်
နားလည်ချင်ယောင်ဆောင်လိုက်ပါဦး

ဒါမှ ခင်ဗျား မိုးခါးရေသောက်လို့ ရမှာလေ….။


                             မုတ်သုံ

2 comments: