ကျနော် ရဲ့ ၀ါဿနာအရရေးဖြစ်ခဲ့တဲ့ ကဗျာလေးတွေကို တစ်စုတစည်းထဲဖြစ်အောင်စုဖြစ်တဲ့ သဘောနဲ့ ဒီဘလော့လေးကို လုပ်ဖြစ်တာပါ ဒီအထဲ မှာ ကျနော် အကြိုက်ဆုံးကဗျာလေးတွေကို လဲ တင်ပေးထားပါတယ်
Saturday, February 2, 2013
ကမ္ဘာဟောင်းကြီးပျက်မဲ့နေ့
ကဲ ကျုပ်တို့ ကမ္ဘာဟောင်းကြီး ပြောင်းတော့မယ်
ငလျင်တွေလှုပ် ရေတွေကြီး မီးတွေလောင်
မျိုးကြီးပြောသလိုပေါ့
ကျုပ်တို့ ကမ္ဘာကြီးနှာစေးစပြုနေပါပီ
ဘာတွေပြောင်းလဲသင့်လဲ
ကျုပ်တို့လောဘ
ကျုပ်တို့ဒေါသ
ကျုပ်တို့ မောဟ
ကျုပ်တို့ မာန်
ကျုပ်တို့မာန
ဘာပဲဖြစ်ဖြစ် လူကြောင့်ဖြစ်တဲ့ ဝေဒနာတွေနဲ့
ငါတို့ကမ္ဘာကြီး အိပ်မက်တွေပျောက်ဆုံးတော့မယ်
စစ်ပွဲတွေရပ်ဖို့ တောင်းဆိုမလား
ဆုတောင်းသံတွေနဲ့ ငြိမ်သက်စေမလား
တကယ်တော့ ကျုပ်တို့ကမ္ဘာဟောင်းကြီးမှာ
ကြယ်အသေတွေကြွေခဲ့ပြီးပြီလေ…..
ဖောက်ပြန်တတ်တဲ့သဘောတွေနဲ့
ကျုပ်တို့ ကမ္ဘာဟောင်းကြီိးပျက်ခဲ့ပြီဆိုပါစို့
ကမ္ဘာသစ်ထဲမှာ ကဗျာတွေ ပွင့်လန်းနိုင်ပါ့မလား
အရှေ့မြို့ရိုးမှာရော မိုးတွေရွာပါ့မလား
မရေရာခြင်းတွေ ပွေ့ဖက် စမ်းတ၀ါးဝါး နဲ့
ကျုပ်တို့မျက်ကန်းတစ္ဆေ မကြောက်ဖြစ်ရမှာလားး
ထားလိုက်ပါ ဘာပဲဖြစ်ဖြစ်
ကျုပ်ကတော့သေရင်သေ
ကဗျာတွေ အပြိုင်းအရိုင်းပွင့်တဲ့
ကမ္ဘာဟောင်းကြီးမှာပဲ ပျော်မွေ့တယ်………။
မုတ်သုံ
21.12.2012
Subscribe to:
Post Comments (Atom)
ကြိုက်တယ်brother
ReplyDelete