Tuesday, December 13, 2011

နရီလွဲမှားခြင်း



မျှော်လင့် ခြင်းကင်းမဲ့ တဲ့
တိမ်တိုက်ထဲမှာ
အလွမ်းတွေ့က ငွေ့ရည်ဖွဲ့
ပျော်ဝင်ခဲ့တယ်
အတိတ်မေ့နေတဲ့
အနာဂါတ်ထဲမှာ
အိပ်ရာဝင်တေးတစ်ပုဒ်နဲ့
ငါ အချစ်ကို နှုတ်ဆက်လိုက်တယ်
ဟိုးဝေးက အိပ်မက်တစ်ခု
ခပ်ပါးပါးလေး မက်ဖို့ ကြိုးစားလိုက်တယ်
ဒဏ်ရာရ နှလုံးသားအတွက်
တေးတစ်ပုဒ်နဲ့
ကုစားလိုက်ရင် ဒီည
သာယာသွားမလား
ဘာမှမဟုတ်တဲ့ တွေဝေခြင်းတွေထဲ
လှောင်ပိတ်မနေပါနဲ့
ငါ အခု ဆူးစူးတော့မယ်
ဒါပေမယ့်
နာကျင်မှုကို ငါ မခံစားတတ်အောင်
ဒီ နှလုံးသား
ထုံပေပေနဲ့
မပြီးမစီးနိုင်တဲ့
နရီကို တလွဲစည်းချက်တွေ လိုက်နေတုန်းပါပဲ လား။

မုတ်သုံ

No comments:

Post a Comment