Tuesday, December 13, 2011

ကိုယ့် အတွေးနဲ့ ကိုယ်


 
အိမ်မက်တစ်ခုလိုပါပဲ
ဝေးကွာခြင်းတွေကို
အဆိပ်ခပ်ဖို့ ကြိုးစားပေမယ့်
ငါ သာ
ကိုယ့် ရှုးကိုယ်ပတ်ခဲ့ပေါ့
အချစ်တစ်ခု အတွက်
အရူးဖြစ်ခဲ့တဲ ငါ
အလွမ်းနဲ့ နပမ်းသတ်ခဲ့ပေါ့
အဲ့ဒါနဲ့
နောက် ထပ် ဘာဘီရုပ်လေးနဲ့
ငါ ထပ် ပတ်သက်ခဲ့တယ်
အဲ့နေ့ က
လေမတိုက်တဲ့ သောကြာနေ့ပေါ့
အဲ့လိုနဲ့
နွယ်ပင်နဲ့ ဆူးလှည်း အတွေ့
အိပ်မက်တွေ
အတုံးအရုံး တိုက်ခတ်ခဲ့ပေါ့
ကျားနာခဲ ခဲသလို
မင်း နဲ့ အတွေ့မှာ
ငါ တရှိုက်မက်မက်
တောင့် တခဲ့ပေါ့
မင်းလဲ
လေပြေ တရှိုက်
ငါ့ အတွက်
ဖန်ဆင်းပေးလိမ့် မယ်လို့
ကိုယ့် အတွေးနဲ့ ကိုယ်
နံ ရိုးတစ်ချောင်း
ပိုလိုက်တယ်……..။

မုတ်သုံ

No comments:

Post a Comment