Tuesday, December 13, 2011

ဒီလိုတစ်ဖက်သတ်

တစ်ထောင့်တစ်ည
ပုံပြင်တွေအတိုင်းပါပဲ
ငါ့ ရဲ့ ဒဏ်ရာတွေ
ရှည်လျားတော့မှာလား
အလဲအကွဲနဲ့ ဒဏ်ရာလမ်းမထက်
အရှုံးတွေနဲ့ ပွေ့ဖက်မလဲ
မင်းလေးကတော့
မသိနိုင်ပေါ့ကွာ
တစ်နေ့ပြီးတစ်နေ့
ပြောင်းခဲ့ပေမယ့်
ဒီနှလုံးသားကတော့
နေ့ရက်အလိုက်တိုးချစ်မိတော့
အရှုံးနဲ့ အိပ်မက်ယုံပေါ့
ဘာပဲဖြစ်ဖြစ်
ချစ်ခဲ့ခြင်းက အပြစ်
မဟုတ်ပါဘူး
ရင်နာရခြင်းတွေပေးခဲ့လဲ
ပြုံးလျက်ပဲပေါ့
တစ်နေ့တော့
ရောက်လာမှာပါ
မင်းအချစ်နဲ့ဆုံနိုင်မဲ့နေ့လေးကို
ငါ………………။


                                                မုတ်သုံ

No comments:

Post a Comment