Thursday, July 4, 2013

ဒီလိုပါပဲ (၀ီရောဓိ)



ဒီလိုပါပဲ (၀ီရောဓိ)

ခန်းခြောက်နေတဲ့
အိပ်မက်အသေတွေနဲ့
ဘ၀ရဲ့ ပြဋ္ဌန်းချက်တွေကို
ဆက်လက်သင်ကြားနေတယ်

ဒီလိုနဲ့ ကျုပ်ထိတွေ့ခဲ့သမျှ
လောင်မြိုက်…..
ဒါ မီးမှ မဟုတ်
ရေသောက်မြစ်ပြတ်ခဲ့တာပါ

ဒဏ်ရာတွေထပ်ထပ်
ဝါဒတွေကြား နှလုံးသားညပ်ခဲ့ကောင်ပါ
ဘာရယ်တော့ မဟုတ်ပါဘူး အပျော်ပေါ့……။

ဒီလိုပါပဲ
အမေးတစ်ခြား အဖြေတစ်ခြား
ပုစ္ဆာတွေနဲ့ ရှင်သန်ခြင်း ဖြစ်မယ်ထင်ရဲ့

ထားလိုက်ပါ နေပျော်ပါတယ်
ငါ
နေ
ပျော်
မှာ
ပါ…….။

                                      မုတ်သုံ

No comments:

Post a Comment