Thursday, July 4, 2013

×××°•° ခေတ်သစ် ဧဝ °•°×××



ဂရုဏာရောင် ပျပျလေးချယ်ထားတဲ့
ဥပေက္ခာ တနင့်တပိုး အတွက်
အိပ်မက်ဆိုးတွေ ထဲ
ရက်ရှည်လများ လမ်းပျောက်ခဲ့ရတယ်

ကမ်းထားတဲ့ လက်
ကိုယ်လှမ်းလို့ ဆွဲခါမှ
အသာအယာ ပုတ်ချ ရက်တာ
အဲဒီမျက်နှာ မှာ
မဲ့ပြုံးတွေ နဲ့ ချိုအီ
အောင်နိုင်ခြင်းတွေကိုလည်းးး
သီးကုံးပြီးးဆွဲထားသေးးးး

' Not for Sale ' မဟုတ်တဲ့ နှလုံးသား ကို
ဘာအကြောင်းကြောင့်များ
Show Room မှာ ချပြနေသေးလဲ?
ပုံစံတူ မရှိ အဲဒီ့ Heart Design တစ်ခုကိုမှ
ကိုယ်ကလည်းးးး
မြတ်မြတ်နိုးနိုး ကိုးကွယ်ချင်မိတယ်။

ချစ်သော အာဒံ ရေ-------

ဧဒင်ကို မဖန်ဆင်းပေးနိုင်မှတော့
ကိုယ် ခူးခဲ့တဲ့ အဆိပ်သီး (အချစ်)
မစားမိအောင်
မင်းးး တားခဲ့ဖို့ ကောင်းတယ်ကွယ်။

ဝသုန်

( 05-Jul-2013 )

No comments:

Post a Comment