Thursday, July 4, 2013

ဆယ်လီဘရီတီကဗျာ





အလိုမတူပဲ အဓမ္မ ကျင့်ခံလိုက်ရတဲ့
ငါ့သိက္ခာတရားတွေအတွက်
စပွန်ဆာ ရှာရင်းရလောက်အောင်
ငါ့ကဗျာ ချာတိတ်မဟုတ်ဘူး ….။

ဒီကဗျာ
ဖြတ်ဖောက်ချုပ်မဟုတ်ဘူးး

သဘာဝတရားကိုလွန်ဆန်ဖို့
ကြိုးစားရင်းနဲ့
အရပ်လက်သည်နဲ့ ဖြတ်တတ်တဲ့
ကဗျာဆရာ ငါမဟုတ်ဘူး

ငါဟာ ကဗျာဆရာတစ်ယောက်ပါလို့
ဆယ်လီဘရီတီဆန်ဆန်
အီကြာကွေးမရိုက်ဖူးဘူး

ကျနော် ကဗျာရေးသူပါ
၈၈မျိုးဆက်လဲ မဟုတ်ပါဘူး
ထောင်လဲ မကျဘူးပါဘူး
ဟုတ်ကဲ့ ရေးတတ်သလို
ရေးထားတာပါ

ဒါကြောင့် ကျနော်
ဆယ်လီဘရီတီမဟုတ်ပါဘူး
ကဗျာရေးသူပါ….။


                                                မုတ်သုံ

1 comment: