Wednesday, November 2, 2011

စံပါယ်တင် အမုန်း



ပျော်ပါစေဆိုပေမယ့်
ငါမပျော်နိုင်ပါဘူး
စံပါယ်တင်မှဲ့နဲ့
လူသတ်တတ်တဲ့
မရဏဖွားမလေးရေ
လေပြေတစ်ခုကစရင်
မုန်တိုင်းဖြစ်စေတယ်လေ
မင်းရဲ့ မုသားဆန်တဲ့
မာယာအကြည့်အောက်
ငါ လမ်းပျောက်လုပေါ့
ရှိစေတော့
ဖြည့် စွက် ပစ္စည်းတွေနဲ့
ငါ ရင်မခုန်ချင်တော့လို့ပါ
နောက်ဆုံးဖြစ်မှာမို့
မစတင်တော့ပါဘူး
နတ်ဆိုးတစ်ကောင်လို
ဆိုးသွမ်းတဲ့ ငါ့ရဲ့…စိတ်
ဘာမှန်းမသိပဲ ပြောင်းလဲခဲ့ပေါ့
အတွေးထဲဆူးတဲ့
စံပါယ်တင် အမုန်း
ဘယ်တော့ အသစ်ဖြစ်နိုင်မလဲ
ဒါကြောင့်
ငါ ……….
မင်းရဲ့ အမုန်းနဲ့ ရှေ့ကိုတိုး
ဒီဘ၀ထဲ
မာယာဆန်ဆန်
ခရီးသွားလိုက်မယ်…………….။

                                                မုတ်သုံ


No comments:

Post a Comment