Friday, November 18, 2011

နတ်ဆိုးမသိလိုက်တဲ့ ပြဿဒါး

ပြဿနာတစ်ခုဖြစ်လာတိုင်း
ငါ့ ကြောင့်တော့ မဟုတ်ပါဘူး
မင်းကိုချစ်တဲ့ အချစ်တွေနဲ့
ငါ နတ်ဆိုးတစ်ပါး ဖြစ်လာခဲ့တာပါ
ငါရဲ့ အချစ်တွေနဲ့
မင်းရဲ့ ခြေဖ၀ါးအောက်
ပြားပြားဝပ် ခစားခဲ့ပေမဲ့
နင်  ငါ့ကို နားမလည်ပေးခဲ့ပါဘူး
ပြဿနာကို မွေးရာပါ ဗီဇအဖြစ်
ရှာဖို့ပဲစဉ်းစားနေတဲ့ကောင်လို့ပဲ
သတ်မှတ်တယ် မလား
ထားပါ….
ဒါတွေက အတိတ်တွေဆိုပေမယ့်
ရိုးသားတဲ့ နှလုံးသားတစ်ခုရဲ့
ခပ်ချာချာ သမိုင်းတစ်ပုဒ်ဆိုတာတော့
သေချာတယ်……
မုန်းလိုက်ကောင်မလေး…မုန်းလိုက်
ပြဿနာကို ပြဿဒါးနေ့ ရက်တိုင်းမှာ
လိုက်ရှာတတ်တဲ့ငါ့လိုကောင်ကို
မုန်းလိုက်စမ်းပါ…
ဒါပေမယ့်
အဲ့ကောင်ရဲ့ ရင်ဘတ်ထဲမှာ
မင်းကို ချစ်တဲ့ အချစ်ကတော့
ဖြူစင်စွာဖြစ်ခဲ့တယ်ဆိုတာတော့
မင်းရင်ဘတ်ထဲ ထည့်ထားလိုက်ပါ
ကောင်းပါတယ်
နတ်ဆိုး နဲ့ပြဿနာ ဆိုတာကတော့
ဒွန်တွဲနေမှာပဲလေ
အဲ….
ဒီတခါပြဿနာကတော့
နတ်ဆိုးမသိလိုက်တဲ့ ပြဿနာပါပဲလေ………။


                                                          နတ်ဆိုး

No comments:

Post a Comment