Friday, November 18, 2011

မုတ်သုံ ဘုံဆိုင်

နေညိုရင်
ဆုံနေကျနေရာလေးမှာ
အမုန်းမီးမပွားပဲ
အပြုံးလေးတွေနဲ့ ထုဆစ်ကြမယ်
အချစ်အကြောင်းလဲ တွေးမယ်
ဘ၀အကြောင်းလဲပြောမယ်
ငါတို့ပြောတဲ့စကား
အစာသွပ်စကားတော့ မဟုတ်ခဲ့ဘူး
ရင်တဲ့ရင်းတဲ့ စကားတွေနဲ့
ငါတို့ ညတွေသာယာခဲ့ကြတယ်
လူတစ်ချို့ကတော့
နှာခေါင်းရှုံ့ကြပေါ့
ကဗျာစာသားတွေလေးနက်ဖို့
ကုန်ကြမ်းတစ်ခုလဲ ဖြစ်ရဲ့
ဒါကြောင့်
ဘယ်သူတွေဘာပြောပြော
နေညိုရင်တော့
ငါ့ ရဲ့ခြေလှမ်းတွေက
သူ့ဆီဦးတည်လျက်ပါပဲ…….။


                                                          မုတ်သုံ

No comments:

Post a Comment