Wednesday, November 9, 2011

မာယာပြိုင်ပွဲ

အစထဲက
အလောင်းအစားနဲ့ စတဲ့
နှလုံးသားကစားပွဲ
နင် နိုင်မလား ငါ နိုင်မလားတော့
မသိပေမယ့်
တို့ ၂ ယောက်လုံးက တော့
ခေသူတွေတော့ မဟုတ်ဘူး
ငါ အဌာရသ ပညာရပ်တွေတော့
မသိဘူး
ဗျူဟာမြောက် နှလုံးသားတော့
ငါ့ ရင်ဘတ်ထဲမှာ ရှိနေတယ်
ကောင်မလေးရယ်
မင်းရဲ့ မာယာနှုတ်ခမ်းလေးတွေနဲ့
ငါ့ ကို ပြုစားစမ်းပါ
ငါ ရင်ခုန်ချင်ယောင်ဆောင်ချင်လို့
ပြီးတော့ လဲ ပြီးသွားမှာပေါ့
ဒီကစားပွဲ အတွက်
လောင်းကြေးက
ဒဏ်ရာဗလပွနဲ့
အက်ကြောင်းထပ်နေတဲ့
နှလုံးသား ကိုယ်စီနဲ့
မာယာပြိုင်ပွဲ
ဘယ်သူနိုင်မလဲ ဆိုတာတော့………….။

No comments:

Post a Comment