Saturday, November 5, 2011

တို့အတူ



လောကဓံတရား
အလွန်ကို ခါးသတဲ့
ဘာမှ မလိုပါဘူး ချစ်သူ
မင်းရဲ့ ရဲရင့်မှုတစ်ခုသာ
လိုအပ်တယ်
အကုန်ထားခဲ့ လိုက်ချစ်သူ
တို့ ၂ ယောက်ရဲ့ ခရီးကို
ငါ့ ဘ၀နဲ့ရင်း ရှေ့ဆက်မှာမို့လိုပါ
အတိုက်အခိုက်တော့
ရှိမှာပေါ့……
ဒါပေမယ့် ရဲရင့်လိုက်ပါ
မင်းရဲ့ ရဲရင့် မှုတစ်ခုထဲနဲ့
ကမ္ဘာကြီးတစ်ခုလုံးကို
သိမ်းပိုက်လို့ရတယ်လေ
တို့ နှစ်ယောက်ဖန်တီးမဲ့ ကမ္ဘာမှာ
တန်ဖိုးကြီးကားတွေမရှိဘူး
အစာသွပ်စကားတွေမလိုဘူး
ဝင်ကစွပ်ခံစားချက်တွေမပါဘူး
အချစ်တွေနဲ့သာ
တည်ဆောက်မယ် ချစ်သူ
ဒါကြောင့် တွေဝေမှုတွေ
နောက်ကို ပို့
ရဲရင့်ခြင်းတွေနဲ့
ချစ်ခြင်းရဲ့ တံခါးကို
တို့ အတူ ဖွင့်လှစ်လိုက်စို့လား……….။

                                                          မုတ်သုံ

No comments:

Post a Comment