Sunday, November 6, 2011

အလွမ်းရဲ့နောက်ဆုံးထွက်သက်

ရင်ခုန်ခြင်းက
အနားသတ်မျဉ်းတစ်ဖက်ဆီသို့
လွင့်ပျံသွားခဲ့သော
နေ့လေးတစ်နေ့................။
စွဲလန်းခြင်းက
ငြိတွယ်ခြင်းဆီသို့
တိုးဝင်ခဲ့သောအကြင်နာလေး.......
ချစ်ခဲ့ခြင်းက
ခါးသက်ခြင်းဆီသို့
အမှတ်မထင်ရောက်ရှိသွားသော
လမ်းခွဲခြင်း.......................။
သံယောဇဉ်ဖြစ်ခဲ့ခြင်းက
အလွမ်းရဲ့နောက်ဆုံးထွက်သက်ဆီသို
ပို့ဆောင်ပေးခဲ့သော
နှုတ်ဆက်ခြင်း...................။
မေ့လိုက်ပါရစေနော်
အလွမ်းရဲ့နောက်ဆုံးထွက်သက်
ပင့်သက်ကလေးတစ်ရှိုက်မှာ
ငါအားလုံးနဲ့အတူ
နင့်ကိုချစ်ခဲ့တာတွေစွန့်လွှတ်ခဲ့ပါပြီကွယ်.......................................။

အိဖြူ 

ကျနော့် ကဗျာ ညီမတစ်ယောက်ရေးတဲ့ ကဗျာလေးပါ 
ခံစားချက်စစ်တယ် ထင်လို့
တင်ပေးလိုက်ပါတယ်

No comments:

Post a Comment