Friday, November 18, 2011

@ @ @ အဇ္ဈတ္တ ...ဂီတ @ @ @



@ @ @
( )ဝေဒနာကို ဈေးကြီးပေးဝယ်တက်တဲ့
ခပ်ညံ့ ညံ့ ကဗျာသမားတစ်ယောက်ပါ...။

(1)
တရွက်တိုက် ...ပျံသန်းနေရတဲ့....အိပ်မက်
နှင်းဆီရောင် တံစက်မြိတ်မှာမှ မီးသွားခတ်မိရှာတယ်...
ကြွယ်ပိုးကြွယ်ဝ မောဟမျက်လုံး အေးစက်စက်
သံချေး ထပ်ထပ်  အရိပ်...တောင်ပံ
ငါ့ ၀တ္ထုလေး ဘာသာပြန်ရ ခက်ခဲ့တယ်....။

(2)
နေပူလှန်းထားခံရမယ့် ...မေးခွန်း
ပြဿနာမကင်းတဲ့ နေထိုင်ခြင်းများနဲ့
ဆန္ဒ...၊စည်း ....၊အသံ ၊၀ိညာဉ်
အဇ္ဈတ္တရင်ပြင်က ပင့်ကူ
ငါ့ ကောင်းကင်လေး မြူထူခဲ့တယ်...။

(3)
သေတော့မှာပဲ....
မီးခိုးရောင် ကောင်းကင်အောက်က
ဆင်ခြင်မဲ့ သီကုံးမိတဲ့ သောကြာတေး
အလင်း ဝေး...ရင်၊နာကျင် ...သို ၀ှက်
ငါ့ ...ကဗျာလေး အဆုံးသတ်ရ ခက်နေခဲ့တယ်....။

(4)
လွမ်းမိသေးတယ်
နောက်ဆိုတာ ကျောပဲ ရှိတယ်တဲ့
လေလွင့် လိပ်ပြာတွေ ဒုန်းစိုင်းမယ့် ဂီတ
နောက်ကျ ကျနေတဲ့ လရောင်
တမြေ့ မြေ့ကျွမ်း ...လောင်၊အိပ်မက် သောင်ကမ်း ၊
နေ့ရက်နွမ်း နွမ်း...သက်ပြင်းတစ်ပုဒ်
ငါ့ ...ရင်အုပ်ကတော့ ကြက်ခြေခတ်နဲ့ ချုပ်ရမယ်....။


ခမ်းနားကြပါစေ
ဘုန်းဝေသစ္စာ။

No comments:

Post a Comment