Friday, November 18, 2011

တေလေရဲ့ ဝေဒနာ



 
အဝေးကမြင်ရတဲ့
တိမ်တိုက်တွေလို
မင်းရဲ့ စိတ် အစိုးမရပါလားကွာ
ယုံကြည်တဲ့ ကံကြမ္မာ
မှင်ရေကျဲတော့
ငါ့ အတွက် ကြမ္မာငင်ခြင်းပဲပေါ့
ခပ်ပါးပါးလေးပြုံးတတ်တဲ့
မင်းရဲ့ ပုံရိပ်လေး
အမှတ်တရ သိမ်းဆည်းထားဖို့
ငါ
မျက်လုံးစုံမှိတ်ကြိုးစားမိတယ်
နံမည်လေးတစ်ခု
ရင်ထဲမှာအခါခါ တမ်းတ
အိပ်မက်လေးတစ်ခုလိုပေါ့
တကယ်တော့
ဒါဟာ…..
နတ်ဆိုးတစ်ပါး
အပေါင်းအဖော်တွေနဲ့
အဆင်းမှာ
ဘီးတပ်ဝင်လာခြင်းပါပဲလေ………..။


                                      မုတ်သုံ

No comments:

Post a Comment