Wednesday, November 9, 2011

Suicide

ဘာမဟုတ်တဲ့
ကိစ္စနဲ့sexy မဆန်ချင်စမ်းပါနဲ့
ရိုင်းတယ်ဆိုတာ
သတ်မှတ်ချက်တွေပဲ
သူများနောက်လိုက်လုပ်ပီးတော့
ငါ လူယဉ်ကျေးမဖြစ်ချင်ဘူး
လူပီသဖို့ အတွက်တော့
မုသာဝါဒတွေ
ဒီလောက်ဖောင်းပွနေမှတော့
ဘာလိုဦးမှာလဲ
ဝင်ကစွပ် ယဉ်ကျေးမှုတွေကြား
မျက်စိစုံမှိတ် ငါ မပျော်မွေ့ဘူး
ဒါကြောင့် နောက်ကျောကို ထိုးမဲ့
ဒါးတွေကိုလဲ ငါ မကြောက်ဘူး
ကြောက်တတ်ရင် ၂ ခါသေရတယ်
မမျှတမှုတွေကို
ညစာလို သုံးဆောင်ရင်း
ငါ့ မသိစိတ်ကတော့
ဆာမူရိုင်းတစ်ကောင်လို
ရဲရင့်ခဲ့ပေါ့…………………..။

No comments:

Post a Comment