Friday, November 4, 2011

လေပြေသို့ သိုဝှက်ခြင်း

ရင်ဘတ်ထဲမှာ ဘာမှမရှိပေမယ့်
လေပြေ အသံကြားတိုင်း
ရင်ခုန်တတ်တဲ့ ငါ့ နှလုံးသား
တော်တော် အမှတ်မရှိတာပဲ
ဘာမှတော့မဟုတ်ပါဘူး
တခါတရံလေး တိုက်ဆိုင်ရတာကို
ငါ ချစ်တယ်
လေပြေလို ပြောင်းလဲတတ်တဲ့ မရဏဖွားမလေးရေ
တစ်ခါတရံမှာ အခါခါတမ်းတ
 နွမ်းလှတဲ့ ငါ့ရဲ့  အလွမ်းညမှာ
 ကော်ဖီတစ်ခွက် ဂစ်တာတစ်လက်နဲ့
 အလွမ်းတွေလွင့်တင်လို့ ချစ်ကြင်နေစဲပါမေ
ကော်ဖိတစ်ခွက်နဲ့ အလွမ်းတွေကို
 မမေ့မုန်း ငါစာစီကုံးလို့
အချစ်ရဲ့စစ်တလင်း ရှုံးချင်လဲ ရှုံး
မင်း အတွက် ငါ့ ခပ်ယဲ့ ယဲ့
နှလုံးသားနဲ့
ထာဝရပေးဆပ်ချင်တယ်
ဂျစ်ပစီတစ်ယောက်ရဲ့
ပေးဆပ်ခြင်းတွေနဲ့ပေါ့
အပြုံးတစ်ပွင့်ကနေမုန်းဟန်ဆင့်မှာလား
မေ့ဖန်များခဲ့တဲ့ ဂျစ်ပစီလိုငါ့အသဲ
လေပြေဆိုတဲ့မင်းနဲ့တွေ့တော့
တိုက်စားလိုက်တဲ့အချစ်တစ်ချက်
ကမ်းနားထက်ကသစ်ပင်လို
ကဗျာတွေချိုး အချစ်စကားစုတွေတိုတိုနဲ့
ငါအချိုးချ မနေတက်တော့တယ်
ချစ်ရတဲ့လေပြေရယ်.........။
@@@@@@@@@@@@@@@


No comments:

Post a Comment