Wednesday, November 9, 2011

ထမင်းလုံးတစ္ဆေချောက်တဲ့ည

အတ္တတွေ တွေဝေမှုတွေနဲ့
မာယာတောထဲ အမှောင်တွေဖုံး
အနာဂါတ်ထဲ လမ်းပျောက်နေတဲ့ငါ
ဒီအချိန် ဘယ်သူကယ်တင်နိုင်မလဲ
မျှော်လင့်ရင်းဝေးပေါ့
ဗန်ဂိုး တမ်းချင်းသီချင်းလဲ
ထင်တိုင်းမပေါက်တော့ပါဘူး
ရင်ထဲက ရိုးသားခြင်းတွေအတွက်
ထားစရာနေရာမရှိလောက်အောင်
မုသားတွေပြည့်နှက်နေပေါ့
အော်
ဒါဟာဘ၀တဲ့လား….။
စာမျက်နှာပေါ်က အပြုံးတစ်ချက်နဲ့
အမှန်တရားက စိန်ခေါ်သွားပေါ့
ဒါကြောင့် ဒီကဗျာမှာ
ငါ ကိုယ်တိုင်ပဲ
ရေးသားရိုက်ကူး
သရုပ်ဆောင်လိုက်မယ်………..။

                                                မုတ်သုံ

No comments:

Post a Comment