Saturday, October 15, 2011

1.698



ယုံတမ်းစကားတွေ
ပြည်နေတဲ့သောကြာနေ့
အဲ့နေ့မှာမှ ငါပျော်ခဲ့ရတယ်
မျက်ရည်တွေကတော့
အဖော်အဖြစ်နဲ့
လက်ခုပ်တီး ဂုဏ်ပြုကြတယ်လေ ကောင်းလှချည်လား
ဒီလိုဆိုတော့လည်း
နေပျော်စရာပါပဲလေ
အမြဲတမ်း ရှုံးနေခဲ့ရတော့
အနိုင်ယူခြင်းတွေက
ငါ့အတွက်ပျော်စရာလားဆိုတာတောင်
မသိလိုက်ပါဘူး
တကယ်တမ်း ငါပြောခဲ့တယ့်
ယုံတမ်းစကားတွေကို
မယုံကြည်ခဲ့တဲ့ ဂြိုလ်မလေးရေ
ငါဦးညွှတ်လိုက်တယ်
မင်းရဲ့ အနီရောင်ဆန်တဲ့
ဆုံးဖြတ်ချက်က
ငါ့ အတွက်ပျော်စရာဖြစ်လို့လေ
မင်းရဲ့ဖြစ်တည်မှုတွေကို
အချိုးချကြည့်ရင်တော့
1.698 ပဲရမှာလေ
ငါနောက်တခါထဲမှာ
ပျော်မနေပါရစေနဲ့တော့
စနစ်တကျတည်ဆောက်ထားတဲ့
လောကကြီးထဲမှာ
စနစ်တကျပဲ
ငါ……….မျောလိုက်တော့မယ်
                                                          မုတ်သုံ

No comments:

Post a Comment