ပညတ်ချက်တွေ
များနေသလားတော့
ငါမသိပေမယ့်
တွေဝေခြင်းတွေ
အပြည့်နဲ့ဒီရင်ဘတ်
သံယောဇဉ်ကြိုးတွေ
အခါခါ ရှုပ်ခဲ့ဘူးတယ်
ဒီခဏ…
ဘယ်လိုမေ့နိုင်မှာလဲ
လေးသီးမြင်တိုင်း
ငါကြောက်မိခဲ့ပေမယ်
ဒီတခါတော့
ကျေကျေနပ်ကြီးကို
အပစ်ခံချင်မိတယ်
ကျေးဇူးပဲ
ကောင်မလေးရယ်
ငါကဗျာရေးဖို့
ကုန်ကြမ်းတွေရှာပေးလို့
မနေ့ ညက
မင်းအိပ်မက်မက်တယ်
ဒီနေ့ လမ်းမှာ
ဖိနပ်ပြတ်တယ်
နောက်…………
မင်းကို ချစ်တယ်………။
မုတ်သုံ
No comments:
Post a Comment