Monday, October 17, 2011

ဗီလိန်

ငါကနောက်ကျောကို
ဓားနဲ့ထိုးတယ်ဟုတ်လား
တကယ်တော့
အဲ့ဒါမိအေး…အော်သံပါ
နင့် အတွက်
ငါ့ ရင်ဘတ် ဂဏန်းခဏခဏ
အကိုက်ခံခဲ့ရတာပါ
ထားလိုက်ပါ
ဒါတွေက အရေးမကြီးပါဘူး
ဒါပေမယ့်
ဖွာလန်ကျဲနေတဲ့ ပါးစပ်
အပြောကြီးတဲ့ ပါးစပ်တွေနဲ့
ဘာမှမရှိတဲ့ အခွံထဲကို
အပေါစားဆန်ဆန်
ရိုက်သွင်းပီးတိုင်း
နောက်ကျောဓားနဲ့ထိုးတယ်တဲ့လား
အေး….
ဝင်ကစွပ်လိုကောင်မျိုးတွေ
အတွက်…
ဗီလိန်ဆန်ဆန် သောင်းကျန်းဖို့လဲ
ငါ…..
ဝန်မလေးဘူးးးးးးးးး။

                                                          မုတ်သုံ

No comments:

Post a Comment