Monday, October 17, 2011

တတိယမြောက်နံရိုး



နင်ငါ့ကို ကျေးဇူးတင်
စောက်ကန်းမလေးရေ
တကယ်လို့
ငါသာမရှိရင်နင်လဲဖြစ်လာမှာ
မဟုတ်ပါဘူး
နင့်အတွက် ငါဖြစ်ပေးနေတာမဟုတ်
ငါ့အတွက်နင်ဖြစ်နေတာ
နင့် ကိုယ်ထဲမှာ စီးနေတာ
ငါရဲ့သွေးတွေလေ…..
နင်နဲ့ငါရဲ့ဖြစ်တည်မှုတွေက
ပါးပါးလေးပါ
အဲ့ဒါကိုနင်ကချနင်းချင်သေးတယ်
လုပ်ကြည့်လိုက်လေ
နင်ချနင်းနေတာ ငါနှလုံးသား
မဟုတ်တဲ့အတွက်
နာစရာမရှိပါဘူးကွာ
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ်
နင်ပီးရင်တော့ ငါ့အလှည့်ပေါ့
ငါကတော့ချမနင်းပါဘူး
နင့် အပြစ်ကို ဘုရားသခင်ကိုပြောလိုက်မှာ
အဲ့ဒါမှ ငါလဲ
နံရိုးတစ်ချောင်းပြန်ရပြီး
နင်ဆိုတဲ့ဖြစ်တည်မှုကတော့……………….


No comments:

Post a Comment