Monday, October 24, 2011

ပုံပြင်



ရက်စက်ခြင်းတွေအပြည့်နဲ့
သောကြာ
ငါ့အတွက်တော့
သောကတွေတနင့်တပိုး
ထမ်းထားရတဲ့နေပါပဲ
နင်ကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက်
ဘုရားသခင်ကတော့
ခွင့်ပြုလိမ့်မယ်မထင်နဲ့
ငါ့နှလုံးသွေးကိုမှချဉ်ခြင်းတပ်တဲ့
နတ်ဘုရားမကိုငါတိုက်ချင်တယ်
လှိုက်စားတတ်တဲ့ အချိန်တွေကို နာကျည်း
သတ်မှတ်ထားတဲ့ အဆင့်တွေကို မုန်းတီး
ပုံပျက်နေတဲ့နှလုံးသားအတုနဲ့
ငါ့ဆီ….မ၀င်ခဲ့ပါနဲ့
တကယ်တော့
အထီးကျန်ခြင်းဆိုတာ
ငါ့အတွက်လွတ်လပ်ခြင်းတစ်မျိုးပါပဲလေ
ခြိမ်းပြီးမှမရွာခဲ့လေတော့
သွေ့ခြောက်အက်ကွဲနေတဲ့ ပျိုးခင်းထဲ
သွေးရူးသွေးတန်းနဲ့
ပေါင်းသင်မြေဆွနေလည်း
အပိုပါပဲ……သာလိကာလေးရယ်…..

မုတ်သုံ

1 comment:

  1. ငါ့ နှလုံးသွေးကိုမှ ချဉ်ခြင်းတပ်တဲ့
    နတ်ဘုရားမ ကို ငါတိုက်ချင်တယ်။ (y)

    ReplyDelete