ပုံသေနည်းမရှိတဲ့
ပုစ္ဆာတစ်ပုဒ်မှာ
ငါ့နှလုံးသားက
ပိုင်းဝေဖြစ်မှာလား…….
ပိုင်းခြေဖြစ်မှာလား…..
မပီဝိုးတ၀ါး
မျှော်လင့်ချက်တွေနဲ့
စိတ်ကူးတွေကို
ရွက်လွှင့်ခဲ့တယ်
ဘာပြန်ရမလဲဆိုတဲ့
ရူးသွပ်ခြင်းမျိုး
ငါ မတမ်းတမိခဲ့ပါဘူး
အရင်တော့ရောက်ခဲ့ပါတယ်
ဒါပေမယ့်
နောက်ကျနေတဲ့
အိမ်မက်တွေနဲ့ပေါ့……..
သီအိုရီတစ်ခုကို
နားလည်ချင်ယောင်ဆောင်ရင်း
ငါ……
ချိုတဲ့ လွန်းတဲ့
ရင်ခုန်သံတွေနဲ့
နင့်ရဲ့ ဖျားယောင်းမှုမှာ
ရင်ခုန်ချင်ယောင်ဆောင်ပါရစေ
လေပြေလေးရယ်……………..။
မုတ်သုံ
No comments:
Post a Comment