Saturday, October 15, 2011

အပြစ်



အရိပ်အယောင်မပြပါနဲ့
အညှာလွယ်လွန်းတဲ့
ဒဏ်တွေအတွက်
ခံနိုင်စွမ်းမဲ့နေလို့ပါ
လေးညို့သံကြားတိုင်း
ဒီနှလုံးသား
ကျီးလန့်စာစားဖြစ်နေခဲ့တယ်
အိပ်မက်အသေတွေ
မက်လွန်းတော့လဲ
ည ရောက်မှာတောင်
ကြောက်လို့
အချစ်နဲ့ ဘဝ
ဖြစ်တဲ့ပဋိပက္ခတွေကြား
ငါ သာမြေစာပင်ပါပဲ
တော်ပါပီ
ဘာမှကိုမမျှော်လင့်တော့ပါဘူး
ငါကိုယ်တိုင်ကိုက
ဘုရားတားမြစ်ထားတဲ့
သစ်သီးကို စားသုံးမိတာကို………………..။


                                                                   မုတ်သုံ

No comments:

Post a Comment