Saturday, October 15, 2011

အိပ်မက်သီတဲ့ကြိုး



တခါက အိပ်မက်နတ်သမီးနဲ့
စကားစမြည်ပြောခဲ့တယ်
အတုဆိုတာ အစစ်လောက်မကောင်းဘူးတဲ့
နင့်နင့် နဲ နဲ အိပ်မက်တစ်ခုလောက်
မက်ဖူးချင်ပေမယ့်
အဲ့ဒီ အိပ်မက် အခြေမခိုင်ခဲ့ပါဘူး
အဲ့ဒီတော့ အနုပညာဆန်ဆန်
ငါ လွမ်းလိုက်တယ်
ခပ်ဝေးဝေးက သံချောင်းခေါက်သံ
သင်္ချာဂဏန်းတွေရဲ့အောက်
လမ်းပျောက်လုလု စိတ္တဇနာမ်
အနှေးပြကွက်တစ်ခုလိုက်
လင်းသွားလိုက် မှုန်သွားလိုက်
အင်း အလင်းအမှောင်တွေထက်
ဆန္ဒတစ်ခုသာ အရောင်ပြောင်းခဲ့ပေါ့
ဒါကြောင့် ဘာလိုလို နဲ့
အိမ်မက်သီတဲ့ ကြိုးတစ်ချောင်းလဲ
အိပ်မက်မက်ရင်း
ငါ
ဆုံတွေ့ရပီပေါ့……………………။

                                                          မုတ်သုံ


No comments:

Post a Comment