ဘ၀ဆိုတာ
အိပ်မက်အသေတွေနဲ့
လက်ပွန်းတတီး
အမြဲနေရမှာမှမဟုတ်တာပဲ
ငါ ကြိုးဆွဲခဲ့တယ်ဆိုတာလဲ
မင်းကို တွယ်ငြိဖို့ပါပဲ
ဘာပဲဖြစ်ဖြစ်
လင်လိုချင်တဲ့ကြောင်မက
ပန်းရတယ်တဲ့
ငါလဲ မင်းကို ……….
ရုပ်သေးဆရာလို
ကိုယ်လိုရာကိုယ်ဆွဲ ကလို့
ရမယ်ဆိုရင်တော့
မင်းကို ငါ့အနားထားတဲ့
ကကြိုးကိုပဲ ကမိလိမ့်မယ်ထင်တာပဲလေ
တရား၏မတရား၏တော့
ငါမသိ
ဖြစ်နိုင်မယ်ဆိုရင်တော့
မင်းဘေးကကောင်ကလေးတွေကိုတော့
ငါ ဦးကျောက်လုံး လုပ်ပစ်ချင်တယ်
တကယ်တော့ ဒါဟာရင်ဖွင့်စာ
တစ်ဖြစ်လဲ ကဗျာတစ်ပုဒ်ဖြစ်ခဲ့ပေါ့
အဲ့အတွက် ကုန်ကြမ်း
တစ်ချို့တ၀က်ကို
ကောင်မလေး မင်းဆီက အနည်းငယ်
ငါ့ ဆီက ရင်ခုန်သံ
များများနဲ့ ငါ
တခုတ်တရ ဖန်တီးခဲ့တာပါ
သံဆူးကြိုးတော့ မဟုတ်
ဆူးလှည်းတစ်စီးလိုပေါ့………….။
မုတ်သုံ
No comments:
Post a Comment