Monday, October 17, 2011

ဆူးလှည်း



မင်း မမှားပါဘူး
မိုးပေါ်ကိုထောင်ပစ်လိုက်တာပါ
ဒါပေမယ့်
အသံနဲ့တင် ငါ ကျရှုံးခဲ့လေပြီ
စိတ်ကူးတိုင်းမှာ
ကြားနေရတဲ့ အသံလေးတွေ
ဒီမျက်ခုံးအပင့်ပေါ့
ညို့ချက် ၈ချက် ထဲမပါပေမယ့်
သေလို့ရလောက်၏
တကယ်တော့
ဆူးလှည်းတစ်စီးလို့
နင့်နှလုံးသားဆီ ကိုလာခဲ့ခြင်းမဟုတ်
ဒီရင်ကိုဖွင့် ကြိုက်သလောက်
အသုံးချခံဖို့
ဒီရင်ဘတ်ကို
ငါချကျွေးခဲ့တာပါ
ကဲ….ဘယ်လိုလဲ……………………။

                                                   မုတ်သုံ

1 comment:

  1. ဘယ်လိုလဲဆိုတော့ အစ်ကိုရယ်~~ဒီလိုပါဘဲ~~ခိခိ~~အရမ်းကောင်း၏

    ReplyDelete