Monday, October 17, 2011

မင်းအတွက်



အလင်းပျောက်နေတဲ့ည                                 
ကြေကွဲခြင်းတစ်ချို့နဲ့
ငါ့ အခန်း
တိတ်ဆိတ်နေခဲ့ပေါ့
စွဲလန်းဖူးခဲ့တဲ့
အရိပ်လေးကို
ဘယ်မှာမှရှာလို့
 မတွေ့နိုင်တဲ့ အခါ
ငါ့ ရင်မှာ ပန်းတွေပွင့်ခဲ့ပေါ့
အရှုံးနဲ့ နေသားတကျဖြစ်နေတဲ့
နှလုံးသားကလဲ
တချက်တချက်နဲ့
အသက်မဲ့ခဲ့ပီလေ
တကယ်တော့ ဒါဟာ
ဝဋ်တစ်ခုလို အရိပ်တစ်ခု အဖြစ်နဲ့
အသုံးတော် ခံ ခဲ့တဲ့
အချစ်တစ်ခုပေါ့
ဒါကြောင့် မမက်သင့်တဲ့
အိပ်မက်တစ်ခုအတွက်
ငါ …….
အရှုံးပေးခြင်းသည်သာ
အကောင်းဆုံး
မင်းအတွက်
ပေးစပ်မှုတစ်ခုပါပဲ
ခတ္တာရယ်…………….။



                                                မုတ်သုံ

No comments:

Post a Comment