Monday, October 17, 2011

ကတိ



ယုံကြည်ပေးပါ
ချစ်သူ…
ငါ့ရဲ့ မနက်ဖြန်တိုင်းဟာ
မင်းရဲ့
အချစ်တွေနဲ့ ရှင်သန်နေတာပါ
တခါတလေတော့
အတိတ်ဆိုးက
အကြောင်းလေးတွေတော့ ရှိတယ်
အဲ့ဒါလေးတွေကို
ဖြစ်နိုင်မယ် ဆိုရင်
Next နဲ့ကျော်လိုက်နော်
ဒီခရီး လွယ်လွန်းနေရင်
အချစ်စစ်ဘယ်ဖြစ်မလဲ
တို့ အချစ်တွေကို
ဘ၀ အခက်အခဲတွေ
ကြားမှာ
မှတ်ကျောက် အတင်ခံနိုင်မှ
ဘ၀ မှာရှင်သန်ရတာ
ပျော်စရာကောင်းမှာပေါ့လေ
ဒါကြောင့်………
အားတင်းထားနော်……..

မုတ်သုံ

No comments:

Post a Comment