Monday, October 24, 2011

နတ်ဆိုးစောင့်တဲ့ မိန်းမ

အပြတ်အသတ်အညှိုးတွေနဲ့ 
နက္ခတ်ဆိုးသူတဦးရယ်ပါ
ငါ...ချစ်တဲ့ သူ အပူတွေ့ 
ငါ့ ကိုချစ်သူ ဒုက္ခတွေ့ 
အခါခါ ကြုံလာတော့ လဲ
စဉ်းစားမိပြီ ဒီအချိန်မှာ
ဩော်.ကျိန်စာတဲ့ လား
အိမ်မှာစောင့် နေပါတယ်
လာပါ လာပါ အားမနာနဲ့ 
နှိပ်စက်ပေးပါ အိပ်ပျက်ရေးကို
မျက်ရည်မြေကျတာတောင်
မိုးခေါင်မလားရင်တမမ
ငါဟာ နတ်ဆိုးစောင့် တယ်
ငြိုးမာန်ဖွဲ့ နေသူရေ
အတည်ပြောမယ်
မင်းထီပေါက်မယ်ချမ်းသာမှာ
ငါနဲ့ နီးရာ မင်းမလာနဲ့ 
ငါရှိတဲ့ အရပ် နင်မဖြတ်နဲ့ 
ငါလာရင်လဲ ခါးခါးသီးသီး
မတူမတန် နင်ဆက်ဆံနော်
လက်ကျန်ဘ၀ သာယာစေအောင်
ငါ့ ကိုရှောင်ပါ ရှောင်ပါနော်
အဲဒါ ငါ့ စေတနာမှန်ပါ
စိုင်းထီးဆိုင်ပြောခဲ့ ပါတယ်
အထင်သေးတဲ့ အကြည့် နဲ့ 
ကြည့် နေတဲ့ လူကို.
ဆင်ခြေတွေပေးလဲ
အပိုတွေပါဘဲ တဲ့ ....
ဘာကိုမှ မရှင်းချင်ပါဘူး
ငါဟာ.............
နတ်ဆိုးစောင့် တဲ့ မိန်းမပါ
တရံတခါတော့  တိုးတိုးလေးမင်းကို
ပြောပြချင်ပါတယ်..
ငါ..မင်းကို............။။။။။။

မေခ

3 comments:

  1. အရမ်းကြိုက်တဲ့ကဗျာတစ်ပုဒ်ပါ~~တွေ့တိုင်းဖက်ဖြစ်တယ်~~ဖက်တိုင်းလဲသတိရတယ်~~အခုတော့လဲဆုံရပါပြီ ဒေါ်မေခရယ်~~:))

    ReplyDelete
  2. အထင်သေးတဲ့ အကြည့် နဲ့ 
    ကြည့် နေတဲ့ လူကို.
    ဆင်ခြေတွေပေးလဲ
    အပိုတွေပါဘဲ တဲ့ ....
    ဘာကိုမှ မရှင်းချင်ပါဘူးပိုးဆိုးပက်ဆက်လန်းတယ် မိသုံ

    ReplyDelete
  3. တကယ်ကောင်းတယ်ဗျာ---- နတ်ဆိုးစောင့်တဲ့ မိန်းမ

    ReplyDelete