Monday, October 17, 2011

မှန်



လမ်းပေါ်မှာတွေ့တဲ့
လူတိုင်းကိုမေးကြည့်ရဦးမယ်
အချစ်ဆိုတာ ကိုယ့်ကိုကိုယ်
သတ်သေတဲ့နည်းတစ်မျိုးလားလို့
တကယ်တော့
အတိတ်ဆိုတာသမိုင်းတစ်ခုလို့
ပြောကြပေမယ့်
အဲ့သမိုင်းက ရင်ကွဲသမိုင်းဖြစ်နေတာတော့
နာစရာပေါ့….
ဒါကြောင့်ပြောတာပေါ့
စိတ္တဇနာမ်တွေနဲ့ မပျော်မွေ့ချင်စမ်းပါနဲ့လို့
အပြာရောင်တိမ်တိုက်တွေရဲ့
အနီရောင် ဆည်းဆာ
ပြီးဆုံးခြင်းကို ကိုယ်စားပြုလား
စတင်ခြင်းကို ကိုယ်စားပြုလား
မသိနိုင်ပေမယ့်
တကယ်တမ်းပြောကြကြေးဆို
သောကတချို့တ၀က်
အလွမ်းခါးခါ တစ်ခွက်နဲ့
ပန်းနုရောင်အိမ်မက်တွေ
တစ်ပွေ့တစ်ပိုက်နဲ့…ငါ…..
လက်ရှိရဲ့ အတိတ်ထဲမှာပဲ
ပျော်ဝင်ရင်းနဲ့ပဲ
လမ်းထိပ်ကဆိုင်က
မှန်တချပ်ပဲ ၀ယ်လိုက်တော့မယ်

                                                မုတ်သုံ

No comments:

Post a Comment