Monday, October 17, 2011

မျှော်လင့်ချက်မဲ့




မျှော်လင့်ချက်တွေနဲ့
အနာဂါတ်တွေလှနေခဲ့တယ်….
မနေ့ကအထိ ငါ
မနက်ဖြန်အတွက်
ရင်ခုန်လို့ကောင်းနေတုန်း
ငါ….ရူး…..မိုက်
အချစ်ကလူမိုက်အတွက်
မထိုက်တဲ့ အလင်းမို့
ဒီလူမိုက်ရဲ့ နှလုံးသား
လူမသိသူမသိကြွေ
လူတစ်ယောက်က ပြောဖူးတယ်
နှလုံးသားခြင်း ကစားတဲ့ ပွဲမျိုးဆို
ကိုယ်နှလုံးသားကိုမာအောင်
ကျင့်ထားဖို့လိုတယ်တဲ့                             
ဒီလူမိုက်ရဲ့နှလုံးသားကတော့
ထင်သလောက်မမာခဲ့ပါဘူး
တဖက်သတ်ဆန်တဲ့ ရင်ခုန်သံတွေကို
အသက်ငွေ့ငွေ့နဲ့
ဒီအတိုင်း မျှော်လင့်ရင်း
ငြိတွယ်နေတုန်းမို့
မြင်နေခွင့်လေးအတွက်
ကာရန်မဲ့ သံစဉ်တွေကို
ဖန်တီးရင်း…………….

No comments:

Post a Comment