Monday, October 24, 2011

karmikarzay ....အသက်ဖြင့် တိုက်ခိုက်ခြင်း

ပြစ်မှတ်ကိုထိဖို့ ဗုံးတင်တဲ့ လေယာဉ် ရန်သူ့ ခွင်ထဲထိုးဆင်းခဲ့ ရတဲ့ သူလို
ကိုယ်တိုင်လဲ သေဆုံးခဲ့ ရပါတယ်
ဘာမှမဖြစ်သလိုနေပြနေတာကိုက
မင်းတခုခုဖြစ်နေတာကိုသိခဲ့ ရပါပြီ
နှာခေါင်းသွေးတွေထွက် ခက်ခဲ့ပေါ့ 
အပျက်ပျက်နဲ့ နာရီတွေလဲ တချက်ချက်
အသက်မဲ့ နေသလို နံရံကိုစိုက်ကြည့် 
မင်းမသိတော့ တဲ့ ရက်များစွာကုန်ဆုံး
ပြုံးခြင်း ၇ယ်ခြင်း အတုများက
မျက်ရည်အစစ်တို့ ကိုတိုးဝှေ့ သွား
သမားရိုးကျဖြတ်သန်းနေ့မျိုး
အဆိုးအကောင်းတွေရဲ့ ကြားမှာ
မင်းကိုငါလွမ်းနေပါသေးတယ်
တဖြေးဖြေး မေ့ချင်လဲမေ့မယ်
မမေ့ချင်လဲမေ့ ရပါမယ်လေ
သေချာတာတခုကတော့ 
မသေချာတော့ တာပါဘဲကွယ်
ငါ့ ဖာသာလဲမုန်းတီးမိပါတယ်
ကံကြမ္မာကိုလဲမုန်းတီးမိပါတယ်
အကြောင်းမဟန်မှတောင်းပန်တဲ့ 
ပျော့ ညံ့ ညံ့ တွေထဲ ငါမပါဘူးနော်
တကျော်ကျော်အော်နေခဲ့ လဲ
ငါ့ အသဲနှလုံးကငြင်းဆန်နေဆဲ
မင်းအရိပ်မြင်တိုင်းသူကငိုတယ်
ငါကရီနေတယ် ကဲ ဘယ်လိုလဲ
ငါဟာ၂ပိုင်းကွဲကြေခဲ့ ပြီ
အလွမ်းတပိုင်း အကြမ်းတပိုင်း
မုန်တိုင်းတွေတောင်ထန်ခဲ့ ပါပေါ့ 
ချစ်သူ.....................
ငါဟာဗုံးတင်လေယာဉ်ကို
ပြစ်မှတ်ထဲကိုယ်တိုင်မောင်းပြီး
အသက်ကိုရောင်းခဲ့ သူပါ...။။။။။

မေခ

2 comments:

  1. ငါဟာ ဗုံးတင်လေယာဉ်ကို
    ပြစ်မှတ်ထဲ ကိုယ်တိုင်မောင်းပြီး
    အသက်ကိုရောင်းခဲ့ သူပါ
    ခွင့် မလွှတ်ပါနဲ့ ကွယ်

    ReplyDelete
  2. ခွင့် မလွှတ်ပါနဲ့ ကွယ်

    ReplyDelete