Tuesday, October 25, 2011

မသိစိတ်ကို ကြောက်တဲ့ တေလေ



ခပ်ပေါပေါ အချစ်တွေနဲ့
ငါ့ နှလုံးသားကို
ပုံလာမသွင်းစမ်းပါနဲ့
တကယ်တော့ ငါ့ အတွက်
အချစ်ဆိုတာ
ဘောင်းဘီဝတ်ရတာလောက်
သက်တောင့်သက်သာမရှိလို့ပါ
ဒီပုံစံအတိုင်းနဲ့
ငါ မာတုဂါမလေးတွေကို
ဖြားယောင်းခဲ့ဘူး ပြီးသားလေ
အဲ့အတွက်လဲ
ငါ ကိုယ့်ခြံကိုယ်လုံအောင်ခတ်ထားတယ်
လိုသလိုပုံသွင်းလို့ရမယ်လို့တော့
မထင်လိုက်နဲ့လေ
အဲ့လောက်တော့ အညှာမလွယ်သေးပါဘူး
ဒါပေမယ့် သံဆူးကြိုး
တစ်ချောင်းလို အရာရာကို
တွယ်ငြိတတ်ဖို့ ၀န်မလေးတတ်ပေမယ့်
စစ်မှန်တဲ့ချစ်ခြင်းအောက်
ဒူးထောက်ရမှာတော့
ဒီတေလေက
ကြောက်တတ်သေးတယ်……..။

                                                          မုတ်သုံ


No comments:

Post a Comment