Monday, October 17, 2011

လောက



အဖြစ်အပျက်တွေ
အရောင်တွေ
ငါ ဘာမှမသိချင်တော့ဘူး
လိုချင်မိတာတော့
နတ်သမီးအပြုံး
အင်း….
ဘာဖြစ်လို့ လောကဓံဆိုတာ
စားသုံးကြည့်လို
မရတာပါလိမ့်
လူတွေက အချစ်ဆိုတာကို
ရေလဲ လိုသုံးပြီး
ဘ၀ကိုစားသုံးကြည့်ကြတယ်
နောက်ဆုံးတော့လည်း
ကြောင်ကြာကြာ ရေမငုတ်ပါဘူး
တကယ်တော့
ငါဆိုတာမရှိတဲ့ကမ္ဘာကြီးမှာ
ငါ့အတွက် ဘာကျန်ဦးမှာလဲ
ဒါပဲလေ
လောကကြီးကို က
စနစ်တကျတည်ဆောက်
ထားတယ်ဆိုတာ

                                                 မုတ်သုံ

No comments:

Post a Comment