Saturday, October 15, 2011

နိဂုံးမရှိတဲ့ နိဒါန်း




နွေဦးကိုကြိုရတော့မယ်
ကောင်မလေးရေ
ငါ့ ရင်ဘတ်ထဲမှာတော့
အရိပ်တစ်ချို့က
သစ္စာတရားရဲ့ အတိမ်အနက်ကို
စမ်းသပ်လို့…….
အဲဒါနဲ့ ငါ အိပ်ပစ်လိုက်တယ်
ထင်တဲ့ အတိုင်းပဲ
အိပ်မက်အဟောင်းနဲ့ ငါ
အမြဲ ပုလဲနံပ သင့်လို့
ကောင်းပါပြီ
ငါ့ အတွက်တော့
ပန်းမပွင့်တဲ့ သစ်ပင်စိုက်တာပဲ
ဆုလာဒ်တစ်ခုပါပဲ
အဆက်အစပ်မရှိတဲ့
စကားလုံးတွေနဲ့
ငါ လွမ်းချင်းတစ်ခုကို
သီကုံးလိုက်တယ်
အဲ့ဒီလွမ်းချင်းတွေထဲမှာ
ခရေတွေတော်တော် များများကြွေလို့
အစမရှိတဲ့ အဆုံး
နိဒါန်းမရှိတဲ့ နိဂုံး
ကဲ နောက်ဆုံးမှာတော့
ဘာမှန်းမသိတဲ့ ခံစားချက်တွေနဲ့
လက်ကျန်းခရီး
ငါ
ရှေ့ ဆက်လိုက်မယ်……………………။


                                                                             မုတ်သုံ

No comments:

Post a Comment