Monday, October 17, 2011

လူမိုက်


သူများတွေရဲ့
ရင်ဘတ်တွေကို
လိုက်ကြည့်လွန်းလို့
ကိုယ့် ရင်ဘတ်
ဘာဖြစ်နေလဲဆိုတာ
မကြည့်မိတဲ့ငါ….
ငုံ့ကြည့်လိုက်တော့
သွေးချင်းချင်းရဲလို့ပါလား
အော်….
သံဆူးကြိုးယဉ်ကျေးမှုကို
ရင်ခုန်တဲ့ ငါ
ဒီရင်ဘတ် ဒဏ်ရာရတာ
ဆန်းသလား.
အဲ့ဒါ
ဧဒင်ပေးတဲ့ အပြစ်တွေလား
အပြစ်ဆိုလည်း
ငါ..ရင်ဖွင့်ပေးထားတယ်
ဆူးလှည်း ၁၀ စီးလောက်
ဖြက်မောင်းသွားပါစေ
သွေးချင်းချင်းနီပါစေ
ငါ…..
အား…
တင်း….
ပြုံး…….
………………………။

                                      မုတ်သုံ

No comments:

Post a Comment