Saturday, October 15, 2011

ကကြိုးစုံတဲ့ ရင်ခုန်သံ



ရိုးရိုးလေးပါပဲ
ရင်ခုန်သံတွေကို
ငါးမျှားတံနဲ့မြားတတ်တဲ့ငါ
နောက်ဆုံးရလာတာ
အမုန်းတဲ့လား
တန်ပါတယ်လေ
အယူအဆမှားတွေနဲ့
အသားကျနေတဲ့ငါ
အဲဒီကြားထဲမှာ
ဖြူစင်တဲ့ နှလုံးသားလဲ
မြေစာပင်ဖြစ်ခဲ့ပေါ့
တကယ်တော့
အချစ်ဆိုတာ ဗျုဟာတွေထက်
ကကြိုးပိုစုံတဲ့
ပျိုမဒီတစ်ပါးပါပဲလေ
ဒါပေမယ့်
မဖြစ်သင့် တာတွေ
မဖြစ်နိုင်တာတွေကို
ဘယ်တော့မှာမစဉ်းစားတတ်တဲ့ငါ
ဖြစ်ချင်တာတစ်ခုကိုသာ
ဦးတည်ရင်းနဲ့
ငါ
ပါးပါးလေး
ဆက်လိမ့်လိုက်ဦးမယ်
အဲ့ဒါမှ တေလေပီသမှာပေါ့…………….။

                                                          မုတ္သံုုံေေေေa

No comments:

Post a Comment