Tuesday, October 25, 2011

ရင်ဘတ်နဲ့ ကတဲ့ ဇာတ်

ပုံသွင်းခံနှလုံးသားနဲ့
မင်းကို မပီဝိုးတ၀ါးလေး
ပတ်သက်ခဲ့တာတော့
မဟုတ်ပါဘူး
ရင်ခုန်သံတွေ
စည်းချက်မှားခဲ့တာပါ
ဒီအတိုင်းလေး ချစ်တတ်ခဲ့ပေမယ်
ငါ မှာ မင်းအကြိုက်
ယေဘူယျဆန်တဲ့
အရည်အတွက်တော့ ရှိမနေခဲ့ပါဘူး
မလိုအပ်တဲ့
ခေါက်ရိုးကြိုးအချစ်တွေ
အပြည့်ရှိနေတယ်(ရင်နဲ့)
ဒါက ပြဿနာတော့
မဟုတ်ခဲ့ပေမယ့်
လမ်းခွဲဖို့ အတွက်
လက်နက်တစ်ခုသာဖြစ်မယ်မှန်း
ငါ ကြိုသိခဲ့ရင်…..
မင်းကို ……
ဘာပဲဖြစ်ဖြစ် စမိတဲ့ ဇာတ်
မိုးလင်းရင် လင်းသွားပါစေ
ငါ အရူးမီးဝိုင်းသလို
ပြီးဆုံးအောင်တော့
ရင်ကွဲခံပြီး
ကပြ
အသုံးတော်ခံပေးရမှာပေါ့လေ………..။


                                                          မုတ်သုံ

No comments:

Post a Comment