Monday, October 17, 2011

နယူတန်မသိလိုက်တဲ့ ပုံသေနည်း

အော်……….

တော်တော်ဆိုးတဲ့ လောကပဲ

အရာရာကိုညီမျှခြင်းချကြည့် ဖို့ 

ငါ…..ဘာကိုအပိုင်းကိန်းထားရမလဲ

တကယ်တော့…

အချစ်နဲ့ အမုန်းကြားမှာခံနေတဲ့အရာက

ပါးပါးလေးပါ…..

အဲဒါကဘ၀….လေ

ပါးပါးလေးဆိုပေမယ့်

ခင်ဗျားရင်းကြည့် လိုက်လေ

နယူတန်လို  ဘာပြန်ရနိုင်မလဲ

တကယ်ဆို…..

မတည်မြဲတဲ့ တည်မြဲခြင်းတွေအောက်မှာ

ခင်ဗျားရော ကျွန်တော်ရော

ရောက်နေတယ်ဆိုတာ………



မုတ်သုံ

No comments:

Post a Comment